သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

ခံစားချက်တွေယိုဖိတ်ငွေ့ရည်ဖွဲ့ခြင်း

ခံစားချက်တွေယိုဖိတ်ငွေ့ရည်ဖွဲ့ခြင်း

နောက်ဆုံးတော့လဲ သမတ်ရိုးကျအဖြစ်တွေနဲ့သာ ကျန်နေခဲ့ရ
တဖြည်းဖြည်းတွေး--ဆွေး---ဝေး---အတိတ်ရနံ့ဟာ ခပ်စိမ်းစိမ်းနဲ့စိုက်ကြည့်နေခဲ
ရင်မှာစိုက်ဝင်ခဲ့သော ---ခရမ်းရင့်ရင့်သွေးစိမ်းဒါဏ်ရာတွေက---နက်သထက်နက်လာခဲ့ခြင်း
အဝေးရောက်---ဖဲကြိုးဝါ၀ါကလေးတွေနဲ့ ခေါင်းငိုက်စိုက်ချခဲ့ရသော ညနေခင်းများဟာ ရီဝေစွာ
လှောင်ရယ်နေခဲ့ကြ---ယမကာတစ်ခွက်ရဲ့ဘေးနှုတ်ခမ်းဖျားမှာ ---လွတ်ကျကွဲခဲ့ရတဲ့
နှုတ်ခမ်းတစ်စုံရဲ့အေးစက်စက် အထိအတွေ့----အရွေ့---အငွေ့သာသာ။

ယူကလစ်ပင်တွေရိပ်ကနဲ---ရိပ်ကနဲ---ကျော်ဖြတ်သန်းလာခဲ့တဲ့-----
အရှိန်အဟုန်တစ်ခုရဲ့ခမ်းနားမှု

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ (ဇွန် ၁)

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ (ဇွန် ၁)

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁ ရက်နေ့ နံနက်ကိုးနာရီအချိန်က ရှန်ဂရီလာဟိုတယ်ရှိ မလေးရှားခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ထိုင်းနိုင်ငံသို့ လာရောက်ရသည့် အကြောင်းအရင်း၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အခြေအနေ၊ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ အနေအထား အစရှိသည်တို့ကို သတင်းထောက်များ၏ မေးမြန်းမှုအပေါ် မူတည်၍ ပြန်လည်ဖြေကြားသွားခဲ့ပါသည်။ သတင်းစာရှင်လင်းပွဲမှာ အချိန် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲကို

နှလုံးသားစာစုများ

နောက်ဆုံး..
နင့်ရွေးချယ်မှုဟာ..
ငါ ဖြစ်ခဲ့သည်ဖြစ်စေ..
သူမ ဖြစ်ခဲ့သည်ဖြစ်စေ..
အေးချမ်းတည်ငြိမ်တဲ့ဘ၀လေးတစ်ခုမှာ နင်.. ပျော်ရွှင်ချမ်းမြေ့နေနိုင်ဖို့ ကိုသာ..
ငါ... တကယ်ကို မျှော်လင့်တောင့်တခဲ့ပါတယ်...

နင့်ဆန္ဒသာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲခက်ခဲနေခဲ့ပါစေ ငါ ဖြည့်ဆည်းပေးချင်ခဲ့တယ်..
နင့်ချမ်းမြေ့မှုအတွက်သာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲနာကျင်ဝမ်းနည်းနေရပါစေ ငါလက်ခံပေးနိုင်ခဲ့တယ်..
နင့်ရွေးချယ်မှုသာဆိုရင်..
ငါဘယ်လောက်တောင်ထိခိုက်ခံစားရမယ် ဆိုတာကိုကိုတင်သိနေခဲ့ပြီးဖြစ်ပါစေ
ငါ.. နင့်ကို.. စာနာနားလည်ပေးနိုင်ခဲ့ပါတယ်…..



အနားမှာရှိနေခွင့်ရသည်ဖြစ်စေ
အဝေးကပဲငေုးကည့်နေရသည်ဖြစ်စေ
နင်ပျော်ရွှင်နေတာကိုပဲ


ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ

စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု မိတ်ဆွေတို့ရေ

အန်တီစု ရဲ့ ထိုင်းခရီးစဉ်မှာ ဘယ်လို လုံခြုံရေး စနစ်တွေကို စီစဉ်ထားလဲ ကျနော်မသိပါ။ ဒါပေမယ့် ကျနော့်ဆီ မိတ်ဆွေတယောက်က မေးလ် ပို့လာပါတယ်။ အန်တီစု ရဲ့ အနားမှာ ဘော်ဒီဂတ်လုံခြုံရေးအနေနဲ့ တာဝန်ယူနေတဲ့ လူတဦးဟာ မသင်္ကာစရာအနေအထားမှာ ရှိနေပါတယ်။
ဓါတ်ပုံမှာ မြင်ရတဲ့ အန်တီစုရဲ့ နောက် ညာဘက်က ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ရင်ဘတ်မှာ အန်တီစု ပုံ ရင်ထိုးထိုးထားတဲ့လူပါ။
သူ့နာမည်က “ညီညီထိုက်” လို့



ပန်းလေးတစ်ပွင့်ကို
နွမ်းလို့ဆိုပြီး
ပစ်ဖူးချင်ပစ်ဖူးကြလိမ့်မယ်.......
အချစ်ခရီးတစ်ခု့ကို
လွမ်းဖို့ဆိုပြီး ချစ်ဖူးကြလိမ့်မယ်လို့
မထင်ပါ..........
ပစ်ခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ကို
သတိတရနဲ့ မရှိနိုင်ကြသလို
ချစ်ခဲ့ဖူးတဲ အချိန်ကာလတွေကို
ထိရှရမယ့် အလွမ်းတွေနဲ့ ဘယ်သူ
ဆုံချင်မှာလဲ.......
ဒီလိုပဲ ကံကြမ္မာက
ဖန်လာတော့လဲ ရော်ရွက်ဝါတွေလို
ငါတို ကြွေလွင့်ရဦးမှာပေါ့
လူချင်းမကြုံပေမဲ့ စိတ်ချင်းဆုံနေဖို့
အဓိကပါ ချစ်သူ......
မင်းယုံယုံ မယုံယုံ
ငါပုံမပြောတက် ပါဘူးချစ်သူ
မင်းကငါ့ နှလုံးသားထဲက
တစ်သက်လုံးချစ်သူပါ.......
သြော်… ငါ့ဝိဥာည်ဟာ..တံစက်မြိတ်မှာပါလား၊…….
မျက်စေ့မှိတ်၇င်းပေါ်တဲ့ ရုပ်ပုံ…
ချစ်သူ ငါ့ဝိဥာည်တော့….
တံစက်မြိတ်မှာ ချိတ်နေပြီ..
တမှေးမှတောင်အိပ်မရလည်း..
ငါ့မျက်လုံးတော့အိပ်ထားရတယ်…
ချစ်သူရေ.. ငါကတော့..
မျက်လုံးမှိတ်ရင်း နင့်အတွက်..
ကဗျာတွေ ရေးနေမိတယ်..
ကဗျာထဲမှာ နင့်ရုပ်ကိုမြင်နေတယ်..
တဖြေးဖြေးတော့မှေးမှိန်သွားတယ်..
တခါတခါလည်းပျောက်သွားတာပေါ့..
ချစ်သူရယ် ငါလေ သံယောဇဉ်ဆိုတဲ့..
ပင်လယ်ထဲမှာ မွန်းကျပ်နေပြီ…
မှိတ်ထားတဲ့ငါ့မျက်လုံးလည်းညောင်းနေပြီ..
စေ့ထားရတဲ့ ငါ့နှုတ်ခမ်းလည်းမဲ့နေပြီ..
သြော်…
ငါ့ဝိဥာည်ဟာ..တံစက်မြိတ်မှာပါလား၊…….
ဟိုတုန်းက လို ရယ်မောစရာတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို ဖြူစင်မှုတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို အဖြူထည်သက်သက် နင့်လက်ကို ဆုပ်ကိုင်ခွင့် မရတော့ပေမဲ့
ရင်ခုန်သံတွေ နဲ့ ညစ်ထေး
ငါ မရိုးသားချင်တော့ဘူး သူငယ်ချင်းရယ် . . . . ။

နင် ပြောတတ်တဲ့ ငါရှိရင် ပျော်ရွှင်တယ်ဆိုတာ
ငါတို့ နှစ်ယောက်ကြား အဖြူရောင်စည်းခြားတုန်းကသာ
နင့် နှုတ်က ရဲရင့်ခဲ့တာမှန်း
ဒီ စည်းအပြင် ငါကျော်ခဲ့တော့
ငါ ဟာ ထမင်းချိုးဟင်းချိုး ဖြစ်သွားပြီ . . . . ။

ကမ္ဘာလောကကြီးထဲ
နင် နဲ့ ငါသာရှိတယ်
နင်ဟာ ငါ့ကို သိပ် ကြင်နာတယ်
ဒီ အိပ်မက် ကလန့်နိုးပြီးနောက်
နင်ဟာငါ့ကို သိပ်နာကျင်စေတယ်
နှစ်ယောက်တည်းမဟုတ်တဲ့ လောကကြီးထဲ
ပတ်ဝန်းကျင် က စာလုံးပေါင်းတော့
ငါဟာ နင့်အတွက် နတ်ဆိုး တဲ့ . . . . ။

**ပန်းတစ်ပွင့်သို့ပေးစာ**



မေလရဲ့အပူချိန်ကတဖြည်းဖြည်း
တိုးတိုးလာ ....
နွေတွေကလွယ်လွယ်နဲ့တော့
သွေးမအေးကြပါဘူးညီမလေးရဲ့.....။

မင်းခေါင်းမှာပန်ထားတဲ့ကဗျာဆိုတ
ဆုလွယ်နပ်လွယ်စကားလုံးမျိုးမှမဟုတ်ပဲ.....။

မပြင်လိုက်နဲ့ ၊ မင်းစကားဝဲပုံလေးက
ချစ်စရာကောင်းပါတယ်လေ.....။

အကိုတစ်ယောက်ရဲ့နှစ်သိမ့်မှုမျိုးနဲ့
ငါ့ရင်ခွင်ထဲ လာနေလိုက်

ခင်ဗျားတို့တတွေ ဝဋ်အမြန်ကျွတ်နိုင်ကြပါစေ . . .

×သိသမျှ အတင်းတကာ့ အတင်းကို ကြုံ၇င်ကြုံသလို စိန်ပြေနပြေပြောဆိုတတ်သူ ..
×ကံလေးကောင်းပီးလူဖြစ်လာတာတောင် မိမိထက် မည်မျှလောက်သာပါစေ
တန်းတူရွယ်တူမချန် အသက်အရွယ်မရွေး မေတ္တာပေးပီးကုသိုလ်မယူ
အချိန်တိုင်း အကုသိုလ်ဖြင့် ရှု့မြင်ပီး လူဖြစ်ရှုံးတဲ့လူ ..
×မိမိဘဝနှင့် ယှဉ်ကာ ကိုယ်ချင်းမစာနာတတ်သူ ..
×မြင်မြင်သမျှ ဝေဖန် ကဲ့ရဲ့ ပစ်တင် ရှုံ့ချ ရုံမက ရိုင်းရိုင်းစိုင်းစိုင်းဖြင့် မိမိရုပ်သဏ္ဍာန်မပေါ်
ပေါ်လွင်အောင် တိရစ္ဆာန်တစ်ကောင်နီးနီး ရုပ်၇င်းကြမ်းတမ်းစွာ ပြောဆိုပြုမူတတ်သူ ..
အဲ့လို .. အဲ့သလို .. အဲ့ဒီလို .. .. လူတွေကို တအားသနားဒယ်

၂၉.မေလ.၂၀၁၂ ၈၈မျိုးဆက်ကျောင်းသားများနှင့် ရွှေနံ့ သာစံပြကျေးရွာက လယ်သမားများတွေ့ ဆုံပုံများ


ဘယ်တုန်းကမှ လယ်မစိုက်ဘူးတဲ့ ကုဋေကြွယ်သူဌေးကြီး တစ်ယောက်ကို သီးစားချပြီး လယ်မြေတွေကို လုပ်ပိုင်ခွင့် ပေးလိုက်တယ်ဆိုတာ အမြီးမောက်မတည့်တဲ့ ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်။ လယ်မြေတွေ အပေါ်မှာ ဓါးမ ဦးချလုပ်ကိုင်လာတဲ့ မွန်လူမျိုးတွေအများစုဖြစ်တဲ့ လယ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ သောကတွေ ပူဆွေးမှုတွေ မျက်ရည်တွေကို အရောင်းအဝယ်လုပ်ဖို့ အဲ့ဒီ ကုဋေကြွယ်သူဌေးကြီး ကို ခွင့်ပြုလိုက်တာဘဲဖြစ်တယ်။ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်ရှိရမယ်။ ကိုယ်မြေပေါ်ကို ကိုယ်ဖာသာကို စိုက်ပျိုးပြီး ရုန်းကန်ရှာဖွေစားသောက်နေရတဲ့ အဲဒီ ရွှေနံသာစံပြကျေးရွာက လယ်သမာေးတွရဲ့ လယ်လုပ်ပိုင်ခွင့်ကို ပြန်ပေးပါ။ အေးချမ်းစွာရှာဖွေ နေထိုင်စားသောက်ခွင့်ဟာ လယ်သမားတွေလဲ ရသင့်ပါတယ်။ ဆန်တစ်စေ့ ဘယ်လိုဖြစ်လာတယ်ဆိုတာကို

နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်ဟု ပညာရှင်အချို့က ခန့်မှန်း



မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များ အသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်နေပြီး အမှန်တကယ် ရရှိရန်လည်း ထိုက်တန်သူ ဖြစ်ကြောင်း ပညာရှင်အချို့နှင့် ပြည်သူများက သုံးသပ် ပြောကြားမှုများ ရှိနေသည်ကို ၂၂-၅-၂၀၁၂ရက်က ကြားရသည်။

ပြည်သူများအကြားတွင် အနည်းငယ် လေ့လာစစ်တမ်း မေးမြန်းရယူမှုအရ ပညာတတ်အလွှာအချို့က ဖြစ်သင့်သည့် ကိစ္စဟု သုံးသပ်ကြပြီး သာမန်ပြည်သူများကြားတွင်မူ သမ္မတကြီး ရခဲ့လျှင် ပျော်ရွှင်ကြောင်း ပြောဆိုနေကြသည်ဟု ကြားသိရသည်။ “ယခင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေကလည်း သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို အသိအမှတ် ပြုလာကြတဲ့ သတင်းတွေ

သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို



ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်း ပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲ နဲ့ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၃၀ ရက်နေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာမှာ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်း က ဒီကနေ့ လူငယ်သတင်းထောက် အများအပြားဟာ မြန်မာ့နိုင်ငံရေး သမိုင်းနောက်ခံကို သေသေချာချာ မသိကြဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ အယ်ဒီတာ စာရေးဆရာ မျိုးမြင့်ငြိမ်းက

“ ငါနင့်ကိုချစ်တယ် ”

အမျိုးသမီး အဘိဓါန်

“ ဘာမှမဟုတ်ပါဘူး - မေ့လိုက်ပါ ” = နင်ဘာမှားနေလဲဆိုတာ သေချာပြန်ဆန်းစစ်ပါ

“ မောနေပြီလား ” = အိပ်ဖို့မစဉ်းစားနဲ့ငါနင့်ကို စကားပြောစရာရှိသေးတယ် ။

“ ငါ အဆင်ပြေပါတယ် ” = တင်းကြပ်စွာထွေးပွေ့ထားပေးပါ ငါ နင့်ပခုံးထက်မှာ မှီပြီးငိုချင်တယ် ။

“ ငါချမ်းတယ် ” = အနွေးထည်သွားယူပြီးငါ့ကိုဖက်ထားပေးပါ ။

“ ငါတစ်ယောက်တည်းနေပါရစေ ” = ဟိုအဝေးမသွားပါနဲ့ ။

“ ငါနင့်ကိုချစ်တယ် ” = နင်ကပိုချစ်တယ်လို့ပြောပေးပါ ။

အစ္စလာမ်ဘာသာဝင် သုံးဦးမှ မုဒိမ်းကျင့်ကာ ဓားဖြင့်



မြန်မာမိန်းကလေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ မုဒိမ်းကျင့်ကာ ဓားဖြင့်ထိုးသတ်မှုအား ထူးချွန်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ညတွင်းခြင်း တရားခံများဖမ်းဆီးခဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ထူးချွန်ပြောင်မြောက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ညတွင်းချင်း ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။ ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။ ကျန် နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်ကဖမ်းဆီး မိခဲ့ကြောင်း ဒေသခံများက ပြောသည်။ " တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၉)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို) ၂၀၁၂ ခုနှစ် မေလ(၃၀)ရက်။



မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉)နှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့မေလ (၃၀)ရက် နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၃၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခို တိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခံခဲ့ကြပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်

ကျတော်တို့အမေစု အခုလည်း လှနေသလို နောင်လည်းလှနေမှာ ဖြစ်သလို သမိုင်းမှာလည်း အမြဲလှနေမှာပါ..။



အမေစုရဲ့ ဒီနေ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်နဲ့ တွေ့ဆုံတဲ့ ပုံထဲမှာ အမေစု အသားတွေ ညိုသွားလို့ဆိုပြီး အမေစုကို ချစ်တဲ့ သားသမီးတွေ စိတ်မကောင်းဖြစ်ကာ ဂရုဏာဒေါသ ကွန်မာန့်တွေ ပေးကြတာ ဖတ်လိုက်ရတယ်...။

ထိုင်းနိုင်ငံကို World Economic Forum တက်ဖို့ တခုတည်းနဲ့ ရောက်လာတာ မဟုတ်ဘူးဆိုတာ အားလုံး သိစေလိုပါတယ်..။ အဓိကကတော့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အမေစု အရေးတကြီး လာရောက်ရတာလည်း ပါပါတယ်..။

ဒီနေ့ ၃၁ရက် ည နေ(၄)နာရီမှာ အမေစု ဒုတိယမြောက် ခရီးအဖြစ် မဟာချိုင်က အလုပ်သမား ယာယီပတ်စ်ပို့ မှတ်ပုံတင်ရုံးကို

မိန်ခလေးတယေက်ခလေးထွက်ကျသွားသည်အထိရိုက်နက်ခံရ

၂၉-၅-၂၀၁၂နှစ် ည၁၀ နာရီအချိန်တွင်မြန်မာန်မာနယ်စပ်နစ်မြစ်အနောက်ဖက်ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မြစ်နားရွာ။ခြံချောင်းအနီး ၀ါးခွတ်ချောင်းအင်တော်လီ
နေရာတွင်နေထိုင်ကြသောဗုဒ္ဓဘာသာဒိုင်းနက်လူမျိုးများပိုင်ဆိုင်သောလယ်မြေအိမ်ယာများကို
ဘင်္ဂလာရဲများနှင့်ကုလားလူဆိုးများပူုးပေါင်းပြီးဝင်ရောက်ကျူးကျော်ရိုက်နကသတ်ဖြတ်ရာ ကိုယ်ဝန်၈လရှိသော
မိန်ခလေးတယေက်ခလေးထွက်

မျှော်လင့်ရင်းလဲ မင်းကို လွမ်းနေဆဲ..

ချစ်တတ်သူ တစ်ယောက် မဟုတ်ခဲ့လေတော့
မင်း ပစ်ပယ်သွားတာ သိပ်မဆန်းပါဘူး
ဒါပေမယ့် ငါဟာ...
အချစ်ငတ်သူလဲ မဟုတ်ပြန်ဘူး..

ဟို..အရင် မင်း မရှိစဉ်ကလဲ
အထီးကျန်လမ်းမှာ ငါ တစ်ယောက်တည်း
သိုသိပ်လျှို့ဝှက်စွာ ကြီးပြင်းလာခဲ့
မက်မောတွယ်တာဖွယ်တွေ သိပ်မရှိခဲ့ဘူး..

မင်းကို ချစ်မိပြီး နောက်ပိုင်းမှာတော့
ပြောင်းလဲမှုများစွာ ဖြစ်လာပါတယ် ချစ်သူ..
ငါဟာ အရင်ကထက်

wahgyi

wahgyi

ဖားအသားဖျော်ရည်

ဖားလေးတွေခမျာ ယက်ကန်ယက်ကန်နဲ့ သူတို့ရဲ့ သေမယ့်အချိန်ကို စောင့်ဆိုင်းနေတာနဲ့ မတူပေဘူးလား ။ ကိုယ် သာဆိုခဲ့ရင်ရော


အော်.. တရုတ်တွေ.. တရုတ်တွေ အစားသောင်းကျန်းတဲ့ နေရာမှာတော့ မှီတဲ့ နိုင်ငံမရှိလောက်ပါဘူး ။ အခု လည်း ဖားအသားဖျော်ရည်တဲ့ ။ သာမန်လူတွေဆို သောက်ဖို့နေနေသာ မအန်ချင်အောင်ပဲ အတော် သတိထား ရပါလိမ့်မယ် ။ တကယ်တော့ ကမ္ဘာလောကကြီးမှာ လူသားတွေအတွက် စားသောက်စရာတွေဟာ မကုန်မ ခန်းနိုင်လောက်အောင်ပဲ ပေါများလှပါတယ် ။ ဘာကြောင့်များ ဒီလို အစမ်းထွင်ပြီး စားကြတာလည်းဆိုတာ မစဉ်း စားတတ်အောင်ပါပဲ ။ တိရိစ္ဆာန် ညှင်းပန်းကာကွယ်ရေး အဖွဲ့တွေကလည်း ဘာကြောင့်များ မမြင်ချင်ယောင်

မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ(လူထုဒေါ်အမာ)



မြန်မာမတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
ဒါဟာ အခုပြဿနာလုပ်နေရတယ်။ ဘာပြုလို့လဲဆိုတော့
ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့
အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ကို ရောက်ရှိလာ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီမနက် ထိုင်းစံတော်ချိန် ၉း၄၅ မီနစ် တွင် မြန်မာအလုပ်သမားများဆုံး လုပ်ကိုင်နေတဲ့ မဟာချိုင် ပုဇွန်းဈေးကို ရောက်ရှိလာခဲ့ပါတယ်။


ဈေးမှ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများရဲ့ ကြိုဆို မှုများကတော့ တကယ်ကို ၀မ်းသာစရာမြင်ကွင်းလေးပါဘဲ။



လုံခြုံရေးအစောင့်များကလဲ စနစ်တကျ နေရာယူပေးထားပါတယ်။ နိုင်ငံတကာ သတင်းထောက်များနှင့်အတူ ထိုင်းနိုင်ငံ သတင်းထောက်များကလဲ

““သွားမယ်... သွားကွယ်””



မိုးရွာရင် မိုးရေချိုးဖို့
အမိမျှော်လိုက် အဖမျှော်လိုက်နဲ့
စစ်တိုက်တမ်းကစားနေကြသူတွေ။

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်ချင်သူတွေ....

အမေ့ရင်ခွင့် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေး ထိုင်ချင်သူတွေ....

အမေရွက်ထားတဲ့ ဆွမ်းအုပ်နီနီနဲ့
မနက်ဖြန်မနက်ကို

လောကမှာ

လောကမှာ ဖျက်ရအခက်ဆုံးက သံယောဇဉ်。。
လောကမှာ တောင်းဆိုရအခက်ဆုံးက ချစ်ခြင်းမေတ္တာ。。
လောကမှာ ပြန်ဆပ်ရအခက်ဆုံးက လူမှုရေးကြွေး。。
လောကမှာ ရဖို့အခက်ဆုံးက ခင်မင်မှု。。
လောကမှာ ခွဲရအခက်ဆုံးက မိသားစု。。
လောကမှာ ရှာဖွေရအခက်ဆုံးက စစ်မှန်မှု。。
လောကမှာ ခံရအခက်ဆုံးက သစ္စာဖောက်မှု。。
လောကမှာ နားလည်ရအခက်ဆုံးက အတွင်းစိတ်。。
လောကမှာ နာကျင်ရဆုံးက တဖက်သတ်စွဲလန်းမှု。。

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် ကုလားတိက ရခိုင်သမချေတယောက်ကိုရက်ရက်စက်စက် မှုဒိမ်းကျင်ပြီးလိုင်ဖင်ဖြတ်သတ်လိုက်သည်


ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာနေ ဦးလှတင်+ဒေါ်မမြတို့၏ သမီး မသီတာထွေးသည်(အသက်၂၆နှစ်) ၂၈.၅.၂၀၁၂ ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ကျောက်နီမော်ကျေးရွာမှ သပြေချောင်ကျေးရွာသို့အပြန် ပျောက်ဆုံး နိန်သဖြင့် မိဘများမှ ည ၈ နာရီ ၀န်းကျင်ခန့်တွင် ကျောက်နီမော် ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လဲ ရဲစခန်းမှ လုံးဝလိုက်လံရှာဖွေပီးခြင်း၊ စုံစမ်းကီးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် မိဘများမှ သပြေချောင်ကျေးရွာမှ လူများစုပြီး လိုက်လံရှာဖွေရာတွင် ၂၉.၆.၂၀၁၂ မနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် ချောင်းဝကျေးရွာ နှင့် ကျောက်ထရံ ကျေးရွာကြား ပရဟိတကျောင်းအနောက်ဘက်ရှိ ဆည်အဟောင်းဘောင်ပေါ်တွင် သီဆုံးနေသည်ကို

နင့်ကို ချစ်တဲ့ ငါ

အဲ့နေ့က မတွေ့ခဲ့ရင်ကောင်းမယ်။
အဲ့လိုမျိုး မခင်ခဲ့ရင် ကောင်းမယ်။
နင်ငါ့ကို မကြင်နာရင်ကောင်းမယ်။

ငါနဲ့နင် တွေ့ခဲ့တယ်။
ငါနဲ့နင် သိပ်ခင်ခဲ့တယ်။
ငါ့ကို နင် ကြင်နာခဲ့တယ်။

နင့်မှာ ချစ်ရမယ့်သူရှိတယ်။
နင့်မှာ နင့်ကိုထားသွားခဲ့သူရှိတယ်။
နင့်ကို အားပေးနေ

မေလ ၃၀ ရက်နံနက်က အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ


မေလ ၃၀ ရက်နံနက်က အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ ကို
ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက
လူငယ်တွေ ရောက်ရှိလာကြပြီး ဆန္ဒပြမှုတွေမပြီးသေးတဲ့ စက်ရုံအချို့ကစက်ရုံဝန်ထမ်းများကို
အားပေးစကားပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြနေကြတဲ့ အလုပ်သမား(အများအားဖြင့်အမျိုးသမီးများ)များအတွက် မြန်မာနိုင်ငံလူငယ်များ
အစည်းအရုံးကဦးဆောင်ပြီး မေလ ၂၉ ရက်နေ့က ရုပ်ရှင်၊ဂီတ နဲ့စာပေ အနုပညာရှင်တွေဆီက
အလှူခံရရှိခဲ့တဲ့ ငွေကြေးနဲ့

ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံ တိုင်းရင်းသားပြည်သူတွေအတွက်

အောက်က ပုံလေးဟာ ဦးရဲလွင် မန္တလေးကို နေ့ချင်းပြန် တစ်ရက်လာပြီး ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံ တိုင်းရင်းသားပြည်သူတွေအတွက် တတ်စွမ်းသလောက် အလှူလာခံတဲ့ ပွဲကပုံကလေးပါ။ စိတ်ကဘယ်လောက်ထက်ထက် အသက်က စကားပြောတယ်ပဲ ပြောမလား၊ ဦးရဲလွင် တော်တော် ပင်ပန်းခဲ့ပါတယ်။ ဒီဓာတ်ပုံထဲမှာဆို သူ့ဗိုက်ကိုနှိပ်နေတာ မြင်လောက်ပါရဲ့။ မန္တလေးက အဖွဲ့တွေလည်း တော်တော် ပင်ပန်းကြပါတယ်။ မနက် ကားဂိတ်သွားကြိုချိန်ကအစ အလှူခံနေတဲ့အချိန်အလည် ညနေပြန်ပို့တဲ့အချိန်အဆုံး အသားကုန် ပင်ပန်းကြပါတယ်၊ ဒါပေမယ့် လူငယ်တွေဖြစ်တာရယ်၊ ပြင်းထန်တဲ့ စိတ်ဇွဲရယ်ကြောင့် ခံနိုင်ရည်ရှိကြပါတယ်။ ဦးရဲလွင် ရန်ကုန်မှာ လှည့်လည် အလှူခံလာတာက...၉၃၅၀၀၀-ကျပ်။ အဲ့ဒီနေ့ မန္တလေးမှာ အလှူခံလို့ရ

အမှတ်တရလည်း ရှိနေဆဲပါ

“တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါ ဘုရား …
စ တွေ့သည်မှ ၊ပစ္စက္ခထိ
သူပါပဲကွယ် ၊ဘယ်မှာရှိရှိ
သတိရတယ် ၊ တမ်းတတတ်ပြန်
အဖန်ဖန် အထပ်ထပ်
တရံမလပ်အောင်
အမှတ်တရလည်း ရှိနေဆဲပါ ဘုရား …
သူနဲ့ပတ်သက်လျှင်
သံယောဇဉ်တရား ၊ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရ

***တိုင်းပြည်မှာတကယ်ဖြစ်ပျက် နေတဲ့ပြဿနာ ဆိုတာကိုအရှိ အတိုင်းလက်ခံဖို့လို***



"အစိုးရအနေနဲ့ တစ်ခုခုဖြစ်တိုင်း ဖြစ်တိုင်းမှာ နောက်ကွယ်ကနေပြီးတော့ ဘယ်သူလှုံ့ဆော်သလဲ။ ဘယ်သူကနေစီမံဖန်တီးသလဲဆိုပီး အပြစ် ရှာတဲ့ပုံစံ၊ တရားခံရှာတဲ့ ပုံစံနဲ့ ချဉ်းကပ်တာထက် ဒီပြဿနာတွေဟာတိုင်းပြည်မှာတကယ်ဖြစ်ပျက် နေတဲ့ပြဿနာ
ဆိုတာကိုအရှိ အတိုင်းလက်ခံဖို့လိုတယ် ။ အဲဒါကို ဖြေရှင်းမယ်နည်းလမ်းတွေကို
စနစ်တကျနဲ့ ထိထိရောက်ရောက် ကြိုးပမ်းသင့်တယ်၊ ပြင်ဆင်သင့် တယ်လို့မြင်တယ်။"

ကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသား ကျောင်းသားခေါင်းဆောင်)

ဆီးရီးယားမှာ ၂၀၁၁ ကနေ ယနေ့အထိ


ဒီမိုကရေစီ တောင်းဆိုနေကြသူတွေပေါင်း သောင်းချီ သေဆုံးသွားကြရရှာပါပြီ။ အမိန့်ပေးစေခိုင်းသူက အာဏာရှင် သမ္မတအာဆတ်ဒ် ဖြစ်ပါတယ်။ ကမ္ဘာက မသတ်ဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြတုန်းမှာပဲ အာဏာရှင် သမ္မတအာဆတ်ဒ် သစ္စာခံစစ်အုပ်စုတွေက သွေးအေးအေး နဲ့ ဆီးရီးယားမှာ နေ့စဉ် သတ်ဖြတ်နေတာပါ။ ပြီးခဲတဲ့ သောကြာနေ့ မေလ ၂၅ ရက်နေ့က ဟူးလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေနဲ့ စုစုပေါင်း လူတစ်ရာကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မှာ ဆယ်နှစ်အောက်ခလေးတွေ ၃၂ ယောက် ပါဝင်ပါတယ်တဲ့။ ဒါ့ကြောင့် အမေရိကန်မြေက ဆီးရီးယားသံတမန်တွေကို နှင်ထုတ်လိုက်ပါပြီ။ ပြင်သစ်နဲ့ သြစတြေးလျား နိုင်ငံတွေကလည်း ဆီးရီးယားသံတမန်တွေကို နှင်ထုတ်

ရုပ်ဆိုးဆိုးနဲ့ သရဲ့

ရုပ်ဆိုးဆိုးနဲ့ သရဲ ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုကို ဖြတ်ရတယ်။ … ဒါနဲ့ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!”တဲ့ အသံကြောင့်

တခါတလေတော့လည်း



@ အချစ်ဆိုတာ ကောင်းကင်ထက်က သက်တန့် တစ်စင်းနဲ့တူတယ် ---

နေရောင်ခြည် နဲ့ မိုးဖွားလေးတွေဆုံတဲ့အချိန် လှလှပပထွက်ပေါ်ပေမယ့် နေ၀င်သွားချိန်ဆိုရင် ပျောက်ကွယ်သွားတတ်ကြသလို

--- သံယောဇဉ် နဲ့ မြတ်နိုးတွယ်တာမှု တွေ ပေါင်းစုံချိန် အချစ်ဖြစ်ပေါ်လာပေမယ့်

ယောက်ကျားလေး နဲ့ မိန်းကလေး

ယောက်ကျားလေးတစ်ယောက်က
အချစ်စစ်တစ်ခုကိုရဖို့ ...
ကြိမ်ဖန်များစွာ
''အသည်း ''
ကွဲပေးခဲ့ရတယ်....

မိန်းကလေးတစ်ယောက်က
အချစ်စစ်တစ်ခုကိုရဖို့ ....
ကြိမ်ဖန်များစွာ
''မျက်ရည်'''
ကျဖူးခဲ့ရလိမ့်မယ်....။ ။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ခရီး အောင်မြင်စွာပြီးဆုံး


ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် ဧရိယာသို့  ၈း၃၀ ဝန်းကျင်ခန့် က ဝင်ရောက်လာပါတယ် ။
မူလကဗဟို လုံခြုံရေးမှ ရဲကား အနည်းငယ်ဖြင့် ဝင်လာသော်လည်း စောင်းစိုင်းနေသော မြန်မာပြည်သားများ အင်အားများက တစစများပြားနေမှုကြောင့် မဟာချိုင်ခရိုင် ရဲတပ်ဖွဲ့ မှ လုံခြုံရေးအတွက် ရဲကားများ အင်အားများကို အချိနှ်င့် အမျှ တိုးခဲ့ နေသည်ကို မြင်နေရပါသည် ။ နံက် ၉ နာရီ အချိန်တွင် ပုဇွန်ဈေးသို့  အမေစု ကားတန်း စတင်ရောက်ရှိလာပါသည် ။ မြန်မာနိုင်ငံသား

ဇေကမ္ဘာနှင့် လယ်သမားများ


မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်စုက လယ်ယာမြေတွေကို နှစ်ပေါင်း ၂၀ ကျော်စိုက်ပျိုးလုပ်ကိုင်လာတဲ့ လယ်သမားတွေကို ပြန်လည်လုပ်ကိုင် ခွင့်မပေးပဲ ဇေကမ္ဘာကုမ္ပဏီကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးလိုက်တဲ့အပေါ် လယ်သမားတွေက ပြန်လည်ရရှိအောင်ရှေ့ဆက်ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အခုလ ၂၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေနံသာကျေး

"ဂန္တ၀င် ရည်စားစာ"

 အို...ချစ်ရပါသော.....ကောင်မလေး
ကောင်းကင်ပေါ်မှာ လင်းလက်စွာ တောက်ပနေတဲ့ ကြယ်လေးတွေဟာ အာကာတစ်ခွင်ကို သာယာခြင်းတွေ ပေးစွမ်းနေလေသတည်..... သို့ငြားလည်း.....သူ့အချစ်ကို မရရှိခဲ့တဲ့ ကျွန်တော့်အဖို့မှာ ပင်လယ်ပြင်ကြီးမှာ ကမ်းမဲ့စွာ လူးလိမ့်နေတဲ့ လှိုင်းလုံးပမာ ခိုကိုးရာရင်ခွင် မဲ့နေရရှာပါသည်..... အို....ချစ်ရပါသော....ကောင်မလေး ပြာလွင်နေတဲ့

"ဒလမြို့နယ်အတွင်းကျောင်းစရိတ် အခက်အခဲ ဖြစ်နေသည့် ကလေးများအား သားစိုးနှင့်ဖိုးချစ်တို့ ကျောင်းထားပေးမည်"



သားစိုးက ဒလမြို့ကိုရေသွားလှူရင်း ကျောင်းအပ်ဖို့ကျောင်းစရိတ် မတတ်နိုင်တဲ့ မိသားစုတွေရဲ့ကလေးတွေကို တွေ့ခဲ့ရပါတယ်။ သားစိုး ကိုယ်တိုင်ကလည်း မှော်ဘီမြို့ နယ်မှာ ကျောင်းစရိတ်မတတ်နိုင်တဲ့ ကလေး ၂၄ဝ ကျော်လောက်ကို အခုလက်ရှိမှာ ကျောင်းထားပေးနေပါတယ်။ ဒလ ကိုရေလှူ ဖို့သွားတော့လည်း ကျောင်းစရိတ် မတတ်နိုင်တဲ့ ကလေးတွေ ကို တွေ့ရပြန်တဲ့အတွက် ဒီကလေးတွေကို ကျောင်းထားပေးနိုင်ဖို့ စိတ်ကူး ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဖိုးချစ်နဲ့တိုင်ပင်ပြီး ကလေးတွေရဲ့ကျောင်း စရိတ်တွေကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း သားစိုး

မိဘမေတ္တာ

 
အမေဆိုတာ သားသမီးတွေအပေါ်
အပေးဆပ်ဆုံးသူတစ်ယောက်ပါ...
ဒါပေမယ့် သူတို့ဟာ
သားသမီးတွေအတွက်
ငါပေးဆပ်ခဲ့တာတွေ သိပ်များနေပြီလို့
ဘယ်တော့မှ မတွေးတတ်ကြသူတွေပါ....
ဘာသာစကားတွေ ဘယ်လောက်ကွဲကွဲ...
လူမျိုးတွေ ဘယ်လောက်ခြားခြား...
အမေတွေရင်ထဲက သားသမီးအပေါ်ထားတဲ့
ပေးဆပ်မှုမေတ္တာတရားကတော့
ကွဲပြားခြားနားမှုမရှိတဲ့ တူညီမှုတစ်ခုပါပဲ....
မိဘကျေးဇူးဆိုတာ ဆပ်မကုန်အောင် များပြားလှပါတယ်... ကျွန်တော်တို့ ဒီနေ့လို လူတစ်ယောက်ဖြစ်လာဖို့ မွေးဖွားပေးခဲ့တာနဲ့တင် မိဘကျေးဇူးကြီးမားလှပါပြီ... လူတိုင်းလူတိုင်း မိဘကျေးဇူးဆပ်နိုင်တဲ့ သားသမီးအလိမ္မာတွေ ဖြစ်ကြပါစေ...

တကယ်လို့ နင်နဲ့ ဘာလို့ အတူနေချင်တာလဲလို့ ငါ့ကို မေးရင်....



၁။ ငါ ၀မ်းသာတဲ့အခါ.... ချက်ချင်း နင့်ကို မျှဝေခံစားစေချင်လို့ပါ.....

၂။ ငါ ၀မ်းနည်းတဲ့အခါ... နင့်ရဲ့ အားပေးမှုကိုလိုအပ်လို့ပါ.....

၃။ ကောင်းမွန်လှပတဲ့ နေရာတစ်ခုကို တွေ့ရှိတဲ့အခါ...နင့်ကို အသိပေးပြောပြချင်လို့ပါ....

၎။ ငါ ပထမဆုံး မျက်စိနှစ်ဖက် ဖွင့်တာနဲ့....နင့်ကို အရင်ဆုံးမြင်ချင်လို့ပါ....

၅။ နင် ၀မ်းနည်းတဲ့အခါ....ငါ နင့်ကို

လူဖြစ်ရှုံးကြသူများ



၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမရှိအကြောင်းရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။

၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက်အရှုံးကြီးရှုံးနိမ့်မှုအပေါ်တွင် ၀မ်းသာအားရ အောင်ပွဲခံနိုင်သူ ။

၎ ။ ကိုယ့်လက်အောင်ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍

Tuesday, May 29, 2012

ဆုတောင်းသူ

လေအပင့်မှာ ကြွေလွင့် မျက်ရည်စ
တိုးထွက်ပွင့်ကျလာတဲ့ ရင်တွင်းရှိုက်သံ
နောက်ဆုံးတစ်ကြိမ်လား ဆက်ရန်ရှိဦးမှာလား …
တစ်ယောက်သောသူအတွက် ငိုမယ်
ငါငိုနေတာ.. နင့်အတွက်
နင်ပျော်နေတာ…နင့်အတွက်
အမှားအယွင်းဆိုတာ တို့နှစ်ယောက်ကြား မရှိသင့်တဲ့အရာပါဟာ ။
နောက်ပြန်လှည့်မရတဲ့အဆုံး

ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး

ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …
ချစ်သူ တကယ် ချစ် မချစ်
အချစ်က စစ် မစစ်
အတိတ် အနာဂတ်
ပန်းတိုင် ဖူးစာ
ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့
သတ္တိ တွေ မရံဝံ

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ ရှင်ခြင်းနဲ့သေခြင်း မဟုတ်ဘူး

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ ရှင်ခြင်းနဲ့သေခြင်း မဟုတ်ဘူး။ နင့်ဘေးမှာ ငါရှိရက်နဲ့ ငါချစ်တာကို နင်မသိတာပါပဲ။ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ နင့်ဘေးမှာငါရှိရက်နဲ့ ငါချစ်တာကို နင်မသိတာမဟုတ်ဘူး။ နှစ်ယောက်စလုံး ချစ်ရက်နဲ့ အတူမနေကြရတာပါပဲ။ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ နှစ်ယောက်စလုံး ချစ်ရက်နဲ့ အတူမနေကြရတာ မဟုတ်ဘူး။ ချစ်နေ လွမ်းနေရက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာပါပဲ။ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ ချစ်နေ လွမ်းနေရက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာ မဟုတ်ဘူး။ အေးစက်တဲ့အသဲနှလုံးနဲ့ ကိုယ့်ကို ချစ်တဲ့လူကို ဥပေက္ခာပြုလိုက်တာပါပဲ။ R ဇန်း ***မင်းရင်ထဲမှာ

အသက်(၁၈)နှစ်အောက် ကလေးများမဖတ်သင့်သော ညစ်ပတ်သည့်ဇာတ်လမ်း ............

 

ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။

ထိုစဉ်ရုတ်တရက် ဘေးနားမှ ကားတစ်စီးအရှိန်ပြင်းစွာ ဖြတ်သွားသည်။

မိုးရွာပြီးစဖြစ်၍ ကားလမ်းပေါ်တွင် ရေအနည်းငယ်ရှိသောကြောင့်

Monday, May 28, 2012

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆေက်ရေး

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆေက်ရေးလို့ လူကြားကောင်းအောင် ပြောနေပြီး လက်တွေ့မှာ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာတောင် မီးက ပုံမှန် မလာဘူး။ ရခိုင်ပြည်ရဲ့ မအီမြို့မှာ ဆိုရင် မီးမလာတာ ၄၇ ရက် ရှိသွားခဲ့ပြီ။ မီတာခတွေကလည်း တချို့ဒေသမှာ တစ်ယူနစ်ကို ၄၀ ကျပ်၊ ၅၀ ကျပ်ဝန်းကျင် ရှိနေသလို ချင်းပြည်၊ ရခိုင်ပြည် စတဲ့ဒေသတွေကျပြန်တော့လည်း ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဝန်းကျင် ဖြစ်နေပြန်တယ်။ ၂၄ နာရီ လျှပ်စစ်မီးဟာ ပြည်သူတွေရဲ့