နွေးထွေးတဲ့ပွေ့ဖက်မှုတခုက ချစ်သူကိုလုံခြုံစေတယ်
ညစ်နွမ်းတဲ့ပွေ့ဖက်မှုတခုကကျ ချစ်သူရဲ့ဘဝကိုကိုစွန်းထင်းစေတယ်
နားလည်ပေးတဲ့စကားတခွန်းက ချစ်သူကိုအားတက်စေတယ်
အပြစ်တင်တဲ့စကားတခွန်းကကျ ချစ်သူကိုသိမ်ငယ်သွားစေတယ်
အားပေးတဲ့စကားတခွန်းက ချစ်သူကိုခွန်အားဖြစ်စေတယ်
လစ်လျူရှူတဲ့စကားတခွန်းကကျ ချစ်သူကိုစိတ်အားငယ်စေတယ်
ဂရုစိုက်တဲ့အပြုအမူတခုက ချစ်သူကိုကြည်နူးစေတယ်
အမှတ်တမဲ့အပြုအမူတခုကကျ ချစ်သူကိုဝမ်းနည်းစေတယ်
တွဲခေါ်တတ်တဲ့လက်တစုံက ချစ်သူကိုဘဝမှာရင်ဆိုင်ရဲစေတယ်
ချန်ထားတတ်တဲ့လက်တစုံကကျ ချစ်သူကိုဘဝမှာကြောက်ရွံ့စေခဲ့တယ်လေ
ဒုက္ခတွေအမျိုးမျိုးထဲက
ချစ်သူရဲ့လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့လူတယောက်
အပြစ်တွေလုပ်တဲ့အခါ
အပြစ်တင်တာထက် နားလည်မှုပေးတတ်တဲ့လူတယောက်
စိတ်ဓာတ်ကျအားငယ်တဲ့အခါ
ဂရုတစိုက်နဲ့အားပေးတတ်တဲ့လူတယောက်
အဲဒီလိုလူတယောက်ဟာ ချစ်သူအပြင်
ဘဝမှာသင့်တော်တဲ့လက်တွဲဖော်တယောက်ပါပဲ
အခက်အခဲဖြစ်ချိန်ရှောင်ပြေးတတ်သူ ၊ ဒုက္ခတွေ့ချိန်ချန်တတ်သူ ၊
အမှားလုပ်ချိန် အပြစ်တွေသာပြောတတ်သူ
အဲဒီလိုဆိုရင်တော့ သင်ဟာချစ်သူသာဖြစ်ထိုက်ပြီး
လက်တွဲဖော်ဖြစ်ထိုက်ဖို့တော့အများကြီးလိုပါသေးတယ်
သင်ရော
သင့်ချစ်သူအတွက်ဘယ်လိုလက်တွဲဖော်မျိုးဖြစ်နေပြီလဲ.................
------------------ဒီစာသားလေးတွေကို ဖက်ရင်း အရမ်းခံစားသွားရလို့ သယ်ရင်းတွေအတွက် မျှဝေပေးတာပါ ...........
.................................ချစ်သူတိုင်း လက်တွဲဖော်ကောင်းတွေ ဖြစ်နိုင်ကြပါစေရှင်.....................

No comments:
Post a Comment
ရေးချင်ရာသာရေးတော့