
ထိုင်းအစိုးရမှ မူးယစ်ရာဇာအဖြစ် စွပ်စွဲဝရမ်းထုတ်ခဲ့ခြင်းမှာ မြန်မာအစိုးရနှင့်
ကလို့ထူးဘောတပ်ဖွဲ့(ယခင် ဒီကေဘီအေ) တို့ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းနေမှုအပေါ် ဖျက်လိုဖျက်ဆီးလုပ်သည့် သဘောဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယင်း၏ ဌာနချုပ်တွင် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက် သည်။
''ကျနော် ဘာမှမလုပ်ဘူး။ မူးယစ်နဲ့ပတ်သက်ပြီး ကျနော့်မှာ အပြစ်မရှိဘူး။ ကျွန်တော့် လူမျိုးကို မူးယစ်ဆေးရောင်းပါလို့မတိုက်တွန်းဘူး။ ကျွန်တော့် တပ်သားတွေကိုလဲ ဒီအလုပ်မလုပ်ခိုင်းဘူး။ သူတို့မှာ အကြောင်းရှိရမယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ အေးအေးချမ်းချမ်းနေဖို့ ကြိုးပမ်းနေတဲ့ဟာကို
ဖျက်လိုဖျက်ဆီးလုပ်ချင်လို့လားလို့ မေးချင်ပါတယ်" ဟု ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။
မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ကလို့ထူးဘောတပ်ဖွဲ့ ဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမှ သတင်းသမား ၄၀ ကျော်နှင့် ထိုင်းမီဒီယာများမှ သတင်းသမား ၁၅ ဦးခန့် တက်ရောက်သတင်းယူနေကြဆဲဖြစ်သည်။
ကလို့ထူးဘောတပ်ဖွဲ့(ယခင် ဒီကေဘီအေ) တို့ငြိမ်းချမ်းရေးဖော်ဆောင်ရန်
''ကျနော် ဘာမှမလုပ်ဘူး။ မူးယစ်နဲ့ပတ်သက်ပြီး ကျနော့်မှာ အပြစ်မရှိဘူး။ ကျွန်တော့် လူမျိုးကို မူးယစ်ဆေးရောင်းပါလို့မတိုက်တွန
ဖျက်လိုဖျက်ဆီးလုပ်ချင်လို့လားလ
မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ကလို့ထူးဘောတပ်ဖွဲ့ ဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမှ သတင်းသမား ၄၀ ကျော်နှင့် ထိုင်းမီဒီယာများမှ သတင်းသမား ၁၅ ဦးခန့် တက်ရောက်သတင်းယူနေကြဆဲဖြစ်သည်။
No comments:
Post a Comment
ရေးချင်ရာသာရေးတော့