သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

"ဂန္တ၀င် ရည်စားစာ"

 အို...ချစ်ရပါသော.....ကောင်မလေး
ကောင်းကင်ပေါ်မှာ လင်းလက်စွာ တောက်ပနေတဲ့ ကြယ်လေးတွေဟာ အာကာတစ်ခွင်ကို သာယာခြင်းတွေ ပေးစွမ်းနေလေသတည်..... သို့ငြားလည်း.....သူ့အချစ်ကို မရရှိခဲ့တဲ့ ကျွန်တော့်အဖို့မှာ ပင်လယ်ပြင်ကြီးမှာ ကမ်းမဲ့စွာ လူးလိမ့်နေတဲ့ လှိုင်းလုံးပမာ ခိုကိုးရာရင်ခွင် မဲ့နေရရှာပါသည်..... အို....ချစ်ရပါသော....ကောင်မလေး ပြာလွင်နေတဲ့ တောင်တန်းတွေကြားမှာ ဖူးပွင့်နေတဲ့ ပန်းလေးတွေဟာ လှပတင့်တယ်စွာ ဝေဆာနေလို့ မြင်ရသူ စိတ်နှလုံး အေးချမ်းကြည်နူးရပါသတည်.... သို့ငြားလည်း......သူ့အချစ်ကို မရရှိခဲ့တဲံ ကျွန်တော့်အဖို့ဟာ စိမ်းလန်းနေတဲ့ အပင်ပေါ်မှ ကြွေကျနေတဲ့ သစ်ရွှက်လေးပမာ အချိန်နဲ့အမျှ ခြောက်သွေ့စွာ အထီးကျန်နေရရှာပါသည်........ ပင်လယ်မောင်(ချစ်ရသူသို့...)

No comments:

Post a Comment

ရေးချင်ရာသာရေးတော့