Yan Aung's Photos
အားလုံး သတိမူမိစေရန်..။
တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ ဆက် (၁၇) နှစ် ဆက်မြောက် သမ္မတ Lee Myung-bak ဟာ မြန်မာပြည်ကို ယခုလ ဒုတိ ယအပတ် အတွင်းမှာ နှစ်ရက်ကြာ အလည်အပတ် ခရီးဖြင့် လာရောက် မယ်လို့ သိရပါတယ်။ အဲဒီသတင်းနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလေ့ကျင့်မှုပြုလုပ်နေတ ယ်လို့ ကြားရပါတယ်..။
အဲဒီအဖြစ်အပျက်က တောင်ကိုရီးယားသမ္မတ တစ်ဦးဖြစ်သူ ချန်တူးဝမ် နောက်ဆုံးလာရောက်ခဲ့စဉ် ၁၉၈၃ အောက်တိုဘာ ၉ ရက်က မြောက်ကိုရီးယား ထောက်လှန်းရေးတပ်မှူးများက ချန်တူးဝန် လာရောက်ဂါရ၀ပြုမယ့် အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲခဲ့တဲ့ ဖြစ်စဉ်ကြီးကို ပြန်သတိရစေပါတယ်..။
အဲဒီဗုံးကွဲမှုကြောင့် တောင်ကိုရီးယားသမ္မတ ချန်တူးဝန် လွတ်မြောက်သွားပေမယ့် ၀န်ကြီးအဆင့်တွေအပါအ၀င် တောင်ကိုရီးယားနဲ့ မြန်မာ အစိုးရအဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြွင်းကျန်ရစ်တဲ့ အုတ်ဂူနဲ့ အရိုးပြာတွေ ပေါက်ကွဲမှုနဲ့ တစစီ လွင့်စင်ပျောက်ကွယ်သွားတာ ယနေ့အထိပါပဲ..။ ချက်ချင်းပဲ မဆလအစိုးရက မြောက်ကိုရီးယားကို သံတမန်အဆက်အသွယ်ဖြတ်လိုက်သလို တပ်မတော်ကလည်း ပင်လယ်ဝမှာစောင့်နေတဲ့ ရေငုပ်သင်္ဘောနဲ့ မြောက်ကိုရီးယားထောက်လှမ်းရေးတပ်မှုးတွေ ထွက်မပြေးခင် အသေခံ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့အတွက် ခလရ (၉၀) က စစ်သည်သုံးဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့တာ ဘယ်လိုမှမေ့မရတဲ့ဖြစ်စဉ်ပါ..။
ကျွန်တော်တို့ဗိုလ်ချုပ်ခမျာမှာ သေတာတောင်မှ အရိုးပြာတောင် သူတပါးလုပ်ကြံတာ ခံခဲ့ရပြီး ပျောက်ကွယ်ခဲ့ရတာပါ..။ ဒါကို ဘယ်လိုမှ မမေ့နိုင်သလို မြောက်ကိုရီးယားကိုလည်း ဘယ်တော့မှ အခဲမကျေပါဘူး..။
လွှတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့အချုပ်အခြာ ရန်ကုန် မြို့လည်ကောင်ကို တိုင်းတပါးစစ်တပ်က လက်နက်နဲ့ ဖောက်ခွဲသောင်းကျန်းခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံး ကျုးကျော်မှုပါ..။
မျိုးချစ်စိတ်ရှီကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ်..။ (ဗိုလ်ချုပ်အရိုးပြာကို အိမ်သာတွင်းထဲ ပစ်ချလိုက်သလိုပါပဲ)
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကလည်း ယနေ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် တင်းမာဆဲ ရန်ဘက်ဖြစ်နေဆဲပါပဲ..။
အခုလည်း ကျွန်တော်တို့ဟာ ဒါကို သင်ခန်းစာယူပြီး တောင်ကိုရီးယားသမ္မတက သီးခြားလာရောက်တွေ့ဆုံမယ့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက် ၀ိုင်းဝန်းရပါမယ်..။ ဘာ့ကြောင်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တစ်ခုပဲ ဖြစ်ပါတယ်..။ အစိုးရကလည်း အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်သားတွေ ရာနဲ့ချီပြီး ပြင်ဆင်ထားပုံရပါတယ်..။
အခုတကြိမ် လာရောက်လည်ပတ်မယ့် တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာကျွန်တော်တို့လူငယ်များ information ထူးခြားရင် အချင်းချင်း လက်ဆင့်ကမ်းကြဖို့နဲ့ တပ်လှန့်နိုင်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်..။
တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ ဆက် (၁၇) နှစ် ဆက်မြောက် သမ္မတ Lee Myung-bak ဟာ မြန်မာပြည်ကို ယခုလ ဒုတိ ယအပတ် အတွင်းမှာ နှစ်ရက်ကြာ အလည်အပတ် ခရီးဖြင့် လာရောက် မယ်လို့ သိရပါတယ်။ အဲဒီသတင်းနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလေ့ကျင့်မှုပြုလုပ်နေတ
အဲဒီအဖြစ်အပျက်က တောင်ကိုရီးယားသမ္မတ တစ်ဦးဖြစ်သူ ချန်တူးဝမ် နောက်ဆုံးလာရောက်ခဲ့စဉ် ၁၉၈၃ အောက်တိုဘာ ၉ ရက်က မြောက်ကိုရီးယား ထောက်လှန်းရေးတပ်မှူးများက ချန်တူးဝန် လာရောက်ဂါရ၀ပြုမယ့် အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲခဲ့တဲ့ ဖြစ်စဉ်ကြီးကို ပြန်သတိရစေပါတယ်..။
အဲဒီဗုံးကွဲမှုကြောင့် တောင်ကိုရီးယားသမ္မတ ချန်တူးဝန် လွတ်မြောက်သွားပေမယ့် ၀န်ကြီးအဆင့်တွေအပါအ၀င် တောင်ကိုရီးယားနဲ့ မြန်မာ အစိုးရအဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြွင်းကျန်ရစ်တဲ့ အုတ်ဂူနဲ့ အရိုးပြာတွေ ပေါက်ကွဲမှုနဲ့ တစစီ လွင့်စင်ပျောက်ကွယ်သွားတာ ယနေ့အထိပါပဲ..။ ချက်ချင်းပဲ မဆလအစိုးရက မြောက်ကိုရီးယားကို သံတမန်အဆက်အသွယ်ဖြတ်လိုက်သလို တပ်မတော်ကလည်း ပင်လယ်ဝမှာစောင့်နေတဲ့ ရေငုပ်သင်္ဘောနဲ့ မြောက်ကိုရီးယားထောက်လှမ်းရေးတပ
ကျွန်တော်တို့ဗိုလ်ချုပ်ခမျာမှာ
လွှတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့အချုပ်အခြာ ရန်ကုန် မြို့လည်ကောင်ကို တိုင်းတပါးစစ်တပ်က လက်နက်နဲ့ ဖောက်ခွဲသောင်းကျန်းခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံး ကျုးကျော်မှုပါ..။
မျိုးချစ်စိတ်ရှီကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ်..။ (ဗိုလ်ချုပ်အရိုးပြာကို အိမ်သာတွင်းထဲ ပစ်ချလိုက်သလိုပါပဲ)
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကလည်း ယနေ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် တင်းမာဆဲ ရန်ဘက်ဖြစ်နေဆဲပါပဲ..။
အခုလည်း ကျွန်တော်တို့ဟာ ဒါကို သင်ခန်းစာယူပြီး တောင်ကိုရီးယားသမ္မတက သီးခြားလာရောက်တွေ့ဆုံမယ့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတ
အခုတကြိမ် လာရောက်လည်ပတ်မယ့် တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာကျွန်တော်တို့လူငယ်မျ
No comments:
Post a Comment
ရေးချင်ရာသာရေးတော့