တချို့  တချို့ 
----------------------------------
တချို့ တချို့ သော သူတွေက မေးနေကြတယ် ၊ အရှင်ဘုရားတဲ့ တပည့်တော် အောင်မြင်ကြီးပွားချင်တဲ့ သူတစ်ယောက်ဖြစ်ချင်ပါတယ်ဘုရားတဲ့။
ဦးဇင်းကိုလာပြီးတော့ မေးတဲ့လူတစ်ယောက်ဘဲ အောင်မြင်ချင်တာလားဆိုတော့
မဟုတ်သေးပါဘူး လူတိုင်းလူတိုင်း အောင်မြင်ကြီးပွားချင်ကြတာ အမှန်ပါဘဲ ။
အောင်မြင်ကြီးပွားချင်တဲ့ သူတွေတည်းမယ် ဦးဇင်းလည်း အပါအ၀င်ဆိုရင်
မှားလိမ့်မယ် မထင်ပါဘူး ။ အောင်မြင်ကြီးပွားချင်တဲ့ သူတိုင်း မဖြစ်မနေ
လက်ကိုင်ထားရမှာကတော့ “စိတ် “ပါ ဘဲ ဦးဇင်းတို့
အားလုးံကိုးကွယ်အားထားရာဖြစ်တဲ့
မြတ်စွာဘုရား ရှင်ကိုယ်တော့ မြတ်ကြီး ဟောဖော်မိန့်ကြားခဲ့တာက လည်း
ရှင်းရှင်းလေးပါဘဲ “စိတ္တေန နီယတေ လောကော “။အရာရာကို စိတ်ကသာလျင်
ဦးဆောင်ပါတယ်တဲ့ ။ဟုတ်ပါတယ် အားလုးံအားလုးံ အောင်မြင်ကြီးပွားဘို့ အတွက်
နံပါတ်တစ် အလိုအပ်ဆုးံက တော့ စိတ်ဓာတ်ပါဘဲ စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေ
စိတ်ဓာတ်နိမ့်ကြတဲ့ သူတွေဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး ၊အရာရာကို
အောင်မြင်ကြီးပွားချင်တယ်ဆိုရင်
တော့
စိတ်ကောင်းရှိဘို့ နဲ့ စိတ်ဓာတ်ထက်သန်ဘို့ စိတ်ဓာတ်မြင့်မြတ်ဘို့
အရမ်းအရေး ကြီးပါတယ်၊ စိတ်ဓာတ်လည်း မှန်သွားပြီး စိတ်လည်း ထက်မြက်သွားပြီး
ဆိုရင်တော့ အောင်မြင်ကြီးပွား လိုချင်သူတွေ အတွက် လက်ကိုင်ကျင့်သုးံထားရမဲ့
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားကလည်း အရမ်းရိုးရှင်းပါတယ် ၊ “ ဥဋ္ဌာန သမ္ပဒါ
၊ ထကြွလုံ့လ ၀ီရိယ ရှိရမယ် ။ အာရက္ခ သမ္ပဒါ ၊
စောင့်ရှောက်ထိန်းသိမ်းတတ်ရမယ်။
ကလျာဏမိတ္တ သမ္ပဒါ ၊ မိတ်ကောင်းဆွေကောင်းရှိရမယ် ။ သမဇိဝိတ သမ္ပဒါ၊ မျှမျှတတ
သုးံစွဲတတ်ရမယ်။ ကဲ အားလုးံသော အောင်မြင်ကြီးပွားလိုတဲ့ မိတ်ဆွေတို့ရေ ၊
လွယ်မရောင်နဲ့ ခက် ၊ တိမ်မရောင်နဲ့ နက်၊ ဆိုသလိုဘဲ လွယ်လွယ်လေးပါလို့တော့
မပြောလိုပါဘူး တကယ် လို့ အသင်ဟာ အောင်မြင်ကြီးပွားချင်တယ်ဆိုရင်တော့
ဖြစ် မဖြစ်မနေ အပေါ်က ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ တရားတွေကို
လက်တွေ့ကျင့် သုးံ ကျင့်ကြံကြည့်ပါလို့ တိုက်တွန်းပါတယ်
အကျိုးတော့လုးံဝမယုတ်ပါဘူး လက်ရှိ အောင်မြင်ကြီးပွားနေတဲ့ သူတိုင်းဟာလည်း
ဒီတရားလေးပါက လွတ်ပြီးတော့ အောင်မြင်ကြီးပွားနေတဲ့ သူ မရှိပါဘူး ၊ကဲ
အားလုးံ အားလုးံ အောင်မြင်ကြီးပွားပြီးဘ၀မှာ သာယာဖြောင့်ဖြူးနိုင်ကြပါစေ။
No comments:
Post a Comment
ရေးချင်ရာသာရေးတော့