သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 9, 2012

မုံရွာမြို့ နယ်ဆေးရုံကြီးတွင် မသေသင့်ပဲသေဆုံးသွားရသူ

မုံရွာမြို့ နယ် ပြည်သူဆေးရုံကြီးတွင်မသေသင့်ပဲသေဆုံးသွားသူ......မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှုး၏ ကြေကွဲဖွယ် အဖြစ်အပျက် စစ်ကိုင်းတိုင်းအောက်ပိုင်းမုံရွာခရိုင်မုံရွာမြို့ တွင်တာဝန်ထမ်းဆောင်နေသော ဦးမြတ်သာထွန်း (မုံရွာခရိုင်ငါးလုပ်ငန်းဦးစီးမှူး)သည်(24.4.2012)ညနေ (43း0)နာရီတွင် မြွေဟောက်အကိုက်ခံရာ မုံရွာပြည်သူဆေးရုံကြီးသို့ အချိန်မှီတင်ပို့ ခဲ့ ပါသည်။ထိုသို့ တင်ပို့ ရာတွင်လဲ ဆေးရုံမှ မည်သည့်ကုသမှုကိုမျှမလုပ်ပေးည(7.00)နာရီအချိန်တွင် ခရိုင်ငါးလုပ်ငန်းမှဝန်ထမ်းတယောက်တာဝန်ကျဆရာဝန်/ဆရာမများအားသွားရောက်အကြောင်းကြားရာ၎င်းတို့ အထဲမှ(24.4.2012)နေ့ ညနေပိုင်းတာဝန်ကျဆေသာ(Nurse)အမျိုးသမီးတစ်ဥိးကနားလည်လျှင်ကိုယ်ဟာကိုယ်ကုဟူပြောကြားခဲ့ ပါသည်။ဘာကြောင့်ထိုကဲ့ သို့ ပြောသနည်းဟုမေးမြန်းမြွေဆိပ်ဖြေဆေးဘိုးမပေးသောကြောင့် ဟုသိရှိခဲ့ ရပါသည်။၎င်းမုံ၇ွာခရိုင်ငါးလုပ်ငန်းဦးမှုး(ဦးမြတ်သာထွန်း)သည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့ မှတစ်ဦးတည်းမုံရွာမြို့ တွင်လာရောက်တာဝန်ထမ်းဆောင်သူဖြစ်ပါသည်။ကျပ်င်း ခရိုင်ဦးစီးမှူးအား(25.4.2012)နေ့ လည်(1.00)နာရီအချိန်တွင်မြွေဆိပ်ဖြေဆေးအား အချိန်လွန်မှ ထိုးပေးခဲံ့ပါသည်။(26.4.2012)နံနက်(11.00)နာရီအချိန်တွင် ခရိုင်ဦးစီးမှုးသည် ကွယ်လွန်သွားခဲ့ ပါသည်.ထိုကဲ့သို့ အဖြစ်မျိုးမဖြစ်စေရန်တာဝန်ကျဆရာဝန်.သူနာပြုများအချိန်နှင့် ငွေ ကို လူအသက်နှင့်မလဲသင့်ကြောင်းအသိပေးအပ်ပါသည်၊ သေဆုံးသူ၏အမျိုး သမီးအား မုံရွာဆေးရုံမှတာဝန်ခံ ဆရာဝန်မှဆေးကုသမှု ကျေနပ်ကြောင်းကို အတင်းလက်မှ တ်ထိုးခဲ့ရပါသည်။ အသက်တချောင်းကိုတန်းဖိုးမထားဆရာဝန်များ နိုင်ငံမှာဘယ်လောက်များနေပြီးလဲ...အသက်ကယ်ဖို့ သင်ကြားပေးလိုက်တာလား.....ကိုယ်ဆွေးမျိုးသားချင်းမဟုတ်လိုလား ပိုက်ဆံမရလိုလား...အခု ဘယ်သူမှတာဝန်အရှိဆုံးလဲ ဘယ်လိုတာဝန် .....ပြန်ယူပေးမယ် .....ဆရာဝန်ဟာ ဆရာဝန်စိတ်ထားပါဖြူစင်လှစိတ်ဓါတ်တွေပျက်ပြားကုန်တာလား...၀န်ထမ်းအချင်းချင်းတောင်....အခုလိုမျိုးလုပ်ရင်း ပြည်သူဆိုသူတို့ ကြောင့် တနှစ်ကို မသေသင့် ဘယ်လောက်တောင်သေရလဲ တာဝန်ရှိသောသူလူကြီးမှာ တာဝန်မဲ့ နေမှာလား ကျန်းမာရေးဝန်ကြီးကောမသိတာလား....အခုကိစ္စကို အမြန်ဖြေရှင်းပေးကြပါ...တန်းဖိုးရှိသောသူတယောက်ဆုံးရှုံးသွားသလိုနောက် မြန်မာပြည်သူများ မသေသင့်ပဲမသေကြပါစေနဲ့................

No comments:

Post a Comment

ရေးချင်ရာသာရေးတော့