သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Friday, June 1, 2012

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သူ/သား တွေရဲ့ မိခင် အမေစု စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပါစေ အမေ....။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်မှာ မဟာချိုင်က ကိုယ့်လူမျိုးတွေကို အားပေးစကားပြော ဆုံးမခဲ့တာ၊ ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ကိုယ့်လူမျိုးတွေရဲ့ လိုအပ်ချက်တွေကို တိတိကျကျထောက်ပြ တောင်းဆို ဆွေးနွေးခဲ့တာတွေ ဖတ်ရမြင်ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခဲ့ လူတွေကို ပိုပြီးရွံမုန်းမိတယ်၊ နာကျည်းမိတယ်။ ၁၅ နှစ်နီးပါး အမေ့ရဲ့ ငယ်ရွယ်ပြီး တန်ဖိုးရှိတဲ့ အချိန်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ပေးနိုင်တဲ့ အခြေအနေတွေ ရှိနေရက်နဲ့ လက်တဆုပ်စာ အာဏာရူးတွေကြောင့် တိုင်းပြည်က စုတ်ပြတ်သတ်
ခဲ့ရတယ်။

ဟို အရင်အချိန် ဒီလောက်မပျက်စီးသေးတဲ့ အချိန်မှာသာ အမေလုပ်ပေးခွင့် ရခဲ့မယ် ဆိုရင် ကိုယ်အပါအ၀င် မြန်မာလူမျိုးတွေ အခုလို သူများနိုင်ငံတွေမှာ အလုပ်သွားလုပ်နေစရာ မလိုတော့ဘူး။

အခု သူတို့ဖြစ်ချင်နေတဲ့ စကာင်္ပူနိုင်ငံထက် မသာရင်တောင်မှ တန်းတူဖြစ်နေတာ ဆယ်ဆုနှစ်လောက် ရှိတော့မယ်။ တွေးရင်း တွေးရင်း ပိုပြီး နှမြောမိတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် လက်တွေ့လုပ်ပေးနိုင်မယ့် အမေ့ကို ဒီထက်မက စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေဖို့သာ ရှိတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သူ/သား တွေရဲ့ မိခင် အမေစု စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပါစေ အမေ....။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့