ပန်းလေးတစ်ပွင့်ကို
နွမ်းလို့ဆိုပြီး
ပစ်ဖူးချင်ပစ်ဖူးကြလိမ့်မယ်....
အချစ်ခရီးတစ်ခု့ကို
လွမ်းဖို့ဆိုပြီး ချစ်ဖူးကြလိမ့်မယ်လို့
မထင်ပါ..........
ပစ်ခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ကို
သတိတရနဲ့ မရှိနိုင်ကြသလို
ချစ်ခဲ့ဖူးတဲ အချိန်ကာလတွေကို
ထိရှရမယ့် အလွမ်းတွေနဲ့ ဘယ်သူ
ဆုံချင်မှာလဲ.......
ဒီလိုပဲ ကံကြမ္မာက
ဖန်လာတော့လဲ ရော်ရွက်ဝါတွေလို
ငါတို ကြွေလွင့်ရဦးမှာပေါ့
လူချင်းမကြုံပေမဲ့ စိတ်ချင်းဆုံနေဖို့
အဓိကပါ ချစ်သူ......
မင်းယုံယုံ မယုံယုံ
ငါပုံမပြောတက် ပါဘူးချစ်သူ
မင်းကငါ့ နှလုံးသားထဲက
တစ်သက်လုံးချစ်သူပါ.......

No comments:
Post a Comment
ရေးချင်ရာသာရေးတော့