သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ခရီး အောင်မြင်စွာပြီးဆုံး


ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် ဧရိယာသို့  ၈း၃၀ ဝန်းကျင်ခန့် က ဝင်ရောက်လာပါတယ် ။
မူလကဗဟို လုံခြုံရေးမှ ရဲကား အနည်းငယ်ဖြင့် ဝင်လာသော်လည်း စောင်းစိုင်းနေသော မြန်မာပြည်သားများ အင်အားများက တစစများပြားနေမှုကြောင့် မဟာချိုင်ခရိုင် ရဲတပ်ဖွဲ့ မှ လုံခြုံရေးအတွက် ရဲကားများ အင်အားများကို အချိနှ်င့် အမျှ တိုးခဲ့ နေသည်ကို မြင်နေရပါသည် ။ နံက် ၉ နာရီ အချိန်တွင် ပုဇွန်ဈေးသို့  အမေစု ကားတန်း စတင်ရောက်ရှိလာပါသည် ။ မြန်မာနိုင်ငံသား
အားလုံးလိုလိုက ပန်းစီးကလေးများနှင့် အမေစုကို ကြိုဆိုရန် အဆင်သင့်စောင့်နေကြပါသည် ။ အစဦးပိုင်းတွင် အမေစုက ကားအတွင်းမှ မြန်မာလူထုကို ပြုံးပြီး ကြည့်နေရာမှ ပုဇွန်ဈေးအမီးတွင် အမိုးကို ဖွင့်ပြီး အပြင်သို့ ထွက်ခါ နှုတ်ဆက်ခဲ့ပါသည် ။
လူထုကလဲ တခဲနက် အမေစု ကျန်းမာပါစေ လို့  ဆုတောင်းကြပါစေ ။ ထိုနောက် ပုဇွန်ဈေးကို ကားနှင့် တပတ်လှည့်ကြည့်ရှု့ ပြီး ခွန်ခုဈေးအဝင် အလုပ်သမားအန္တရယ်ကာကွယ်စောင့်ရှောက်ရေး ရုံးများရှိရာ ၄ထပ်တိုက်သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ် ။ ထိုတိုက်ပေါ်မှ အမေစု မြန်မာလူထုကို နှုတ်ခွန်ဆက်စကားပြောခဲ့ပါတယ် ။ထိုင်းရုပ်မြင်သံကြား အမှတ် ၅ အမှတ် ၇ တို့ မှ တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွင့်ပေးခဲ့ပါတယ် ။
အမေစု မြန်မာလို ပြောသည်ကို မွန်လူမျိုး ကရင်လူမျိုး စကားပြန်များက ထိုင်းဘာသာစကားဖြင့် တိုက်ရိုက် ဘာသာပြန်ပေးကြပါတယ် ။ ပုဇွန်ဈေးဘေးရှိ အဝေးပြေးလမ်းမကြီး မှီ ၃ နာရီခန့်  ကားမောင်းမရအောင် လူထုနှင့် ပိတ်သွားပါသည် ။ မီတာ ၁၀၀၀ အကျယ်လမ်းမ ကြီးတလျှောက် ၅ ကီလိုမီတာ အရှည် ကွင်းပြင် တို့ တွင် လူတန်းအုပ်ကြီး ပြည့်ညပ်သွားခဲ့သည် ။တဦးနှင့် တဦး ကပ်ပြီး ထိုင်မရဖြစ်ခဲ့ပါသည် ။
ဖုန်းဆက်ပြီး သတင်းယူလို့ မရဖြစ်ခဲ့သည် ။
ထိုနောက် အမေစု ကို ဖိတ်ခေါ်လာသော တာဝန်ရှိ ထိုင်းမြန်မာ အဖွဲ့ အစည်း များနှင့် နာရီဝက် ဆွေးနွေးကြပါသည်။
( လူတိုင်း သိရှိသင့်သည်များကို ဆက်လက်ထုတ်ပြန်ပေးပါမည် )
အံသြဖွယ်ရာက မြန်မာလူထုကြီး အမေစုကို စောင့်စိုင်းနေစဉ် ကမ္ဘာမကြေ သီချင်းကို မတိုင်ပင်ဘဲ ဆိုခဲ့ကြပါသည် ။
ဆွေးနွေးပွဲ အပြီး အမေစုက မြန်မာပြည်သား လူထုကိုနှုတ်ဆက်ပြီး ဘန်ကောက်သို့ နေ့ လည် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ပါသည် ။
တရားဝင် မှတ်ပုံတင် လူ ၂ သိန်း နှင့် တရားမဝင်နေထိုင်ကြသော မြန်မာပြည်သား တွေကတော့ သူတို့ ရဲ့  မရေရာကျွန်ဘဝက အနာဂါတ်တွေ အတွက် အမေစုလမ်းပြမှု နောက်က လိုက်ကြဖို့  မျှော်လင့်နေကြပါတယ် ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့