သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

နှလုံးသားစာစုများ

နောက်ဆုံး..
နင့်ရွေးချယ်မှုဟာ..
ငါ ဖြစ်ခဲ့သည်ဖြစ်စေ..
သူမ ဖြစ်ခဲ့သည်ဖြစ်စေ..
အေးချမ်းတည်ငြိမ်တဲ့ဘ၀လေးတစ်ခုမှာ နင်.. ပျော်ရွှင်ချမ်းမြေ့နေနိုင်ဖို့ ကိုသာ..
ငါ... တကယ်ကို မျှော်လင့်တောင့်တခဲ့ပါတယ်...

နင့်ဆန္ဒသာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲခက်ခဲနေခဲ့ပါစေ ငါ ဖြည့်ဆည်းပေးချင်ခဲ့တယ်..
နင့်ချမ်းမြေ့မှုအတွက်သာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲနာကျင်ဝမ်းနည်းနေရပါစေ ငါလက်ခံပေးနိုင်ခဲ့တယ်..
နင့်ရွေးချယ်မှုသာဆိုရင်..
ငါဘယ်လောက်တောင်ထိခိုက်ခံစားရမယ် ဆိုတာကိုကိုတင်သိနေခဲ့ပြီးဖြစ်ပါစေ
ငါ.. နင့်ကို.. စာနာနားလည်ပေးနိုင်ခဲ့ပါတယ်…..



အနားမှာရှိနေခွင့်ရသည်ဖြစ်စေ
အဝေးကပဲငေုးကည့်နေရသည်ဖြစ်စေ
နင်ပျော်ရွှင်နေတာကိုပဲ
ငါမြင်တွေ့ ချင်ခဲ့တယ်..

နင့်အောင်မြင်မှုတွေအတွက်
ငါ ဂုဏ်ယူဝမ်းမြောက်ခွင့်ရသည်ဖြစ်ေ
ုကားသိခွင့်တောင်မရနိုင်သည်ဖြစ်စေ
နင်အောင်မြင်ပျော်ရွှင်နေဖို့ ကိုပဲ ငါဆန္ဒရှိခဲ့တယ်...

နင်ဆုပ်ကိုင်ထားတဲ့လက်ဖ၀ါးတစ်ခုဟာ
ငါ့ လက်ဖ၀ါးဖြစ်နေသည်ဖြစ်စေ
သူမ လက်ဖ၀ါးဖြစ်နေသည်ဖြစ်စေ
နင် စိတ်ချမ်းသာနေဖို့ ကိုပဲ ငါလိုလားခဲ့တယ်...

နောက်ဆုံး..
နင့်ရွေးချယ်မှုဟာ..
ငါ ဖြစ်ခဲ့သည်ဖြစ်စေ..
သူမ ဖြစ်ခဲ့သည်ဖြစ်စေ..
အေးချမ်းတည်ငြိမ်တဲ့ဘ၀လေးတစ်ခုမှာ နင်.. ပျော်ရွှင်ချမ်းမြေ့နေနိုင်ဖို့ ကိုသာ..
ငါ... တကယ်ကို မျှော်လင့်တောင့်တခဲ့ပါတယ်...

နင့်ဆန္ဒသာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲခက်ခဲနေခဲ့ပါစေ ငါ ဖြည့်ဆည်းပေးချင်ခဲ့တယ်..
နင့်ချမ်းမြေ့မှုအတွက်သာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲနာကျင်ဝမ်းနည်းနေရပါစေ ငါလက်ခံပေးနိုင်ခဲ့တယ်..
နင့်ရွေးချယ်မှုသာဆိုရင်..
ငါဘယ်လောက်တောင်ထိခိုက်ခံစားရမယ် ဆိုတာကိုကိုတင်သိနေခဲ့ပြီးဖြစ်ပါစေ
ငါ.. နင့်ကို.. စာနာနားလည်ပေးနိုင်ခဲ့ပါတယ်…..


ဒါဟာ
“နင်ငါ့ကို ဘယ်ပုံဘယ်နည်းနဲ့ ချစ်သလဲ” လို့ 
တစ်နေ့ မှာ နင်မေးလာခဲ့ရင် ငါပြန်ဖြေမယ့်
နင့်အတွက် ငါ့ရဲ့  ဘယ်တော့မှမပြောင်းလဲနိုင်တဲ့ အဖြေစကားတစ်ခုပါပဲ…..

No comments:

Post a Comment

ရေးချင်ရာသာရေးတော့