သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Tuesday, May 29, 2012

ဆုတောင်းသူ

လေအပင့်မှာ ကြွေလွင့် မျက်ရည်စ
တိုးထွက်ပွင့်ကျလာတဲ့ ရင်တွင်းရှိုက်သံ
နောက်ဆုံးတစ်ကြိမ်လား ဆက်ရန်ရှိဦးမှာလား …
တစ်ယောက်သောသူအတွက် ငိုမယ်
ငါငိုနေတာ.. နင့်အတွက်
နင်ပျော်နေတာ…နင့်အတွက်
အမှားအယွင်းဆိုတာ တို့နှစ်ယောက်ကြား မရှိသင့်တဲ့အရာပါဟာ ။
နောက်ပြန်လှည့်မရတဲ့အဆုံး

ဆက်သွားနေသူအတွက် ဆုတောင်းမယ်
xxx နင်ရောက်ရှိတဲ့ အရပ်ဆီမှာ … နင်ပျော်အောင်ငါ xxxx
ဆုတောင်းပေးပါတယ် xxx  
ဒီသီချင်းတစ်စ … လင်းလင်းနဲ့ ငါ..ထပ်တူ ..ထပ်တူပဲ …
ဆုတောင်းဆိုတာ ပြည့်မပြည့် မသိနိုင်ဘူး
နင်ပျော်တာကို တကယ်မြင်ချင်သူက ငါ
ခုတော့.. သွေးအေးအေးနဲ့ ပြီးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့
ငါက အကြောင်းပြချက်ကို စိတ်မ၀င်စားတတ်သူ
နင်က ရွေးချယ်မှုကို ကြိုက်နှစ်သက်သူ
တကယ်ဝေးသွားကြတာက ငါတို့ရဲ့ အမှန်တရား
နာကျင်ခံခက်ပေမယ့် ဒါအမှန်တရားပါ
ခုတော့…..
xxx နင်ရောက်ရှိတဲ့ အရပ်ဆီမှာ … နင်ပျော်အောင်ငါ xxxx
ဆုတောင်းပေးပါတယ် xxx     ။   ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့