သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Monday, May 28, 2012

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆေက်ရေး

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆေက်ရေးလို့ လူကြားကောင်းအောင် ပြောနေပြီး လက်တွေ့မှာ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာတောင် မီးက ပုံမှန် မလာဘူး။ ရခိုင်ပြည်ရဲ့ မအီမြို့မှာ ဆိုရင် မီးမလာတာ ၄၇ ရက် ရှိသွားခဲ့ပြီ။ မီတာခတွေကလည်း တချို့ဒေသမှာ တစ်ယူနစ်ကို ၄၀ ကျပ်၊ ၅၀ ကျပ်ဝန်းကျင် ရှိနေသလို ချင်းပြည်၊ ရခိုင်ပြည် စတဲ့ဒေသတွေကျပြန်တော့လည်း ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဝန်းကျင် ဖြစ်နေပြန်တယ်။ ၂၄ နာရီ လျှပ်စစ်မီးဟာ ပြည်သူတွေရဲ့
အခြေခံရပိုင်ခွင့်ဖြစ်တယ်။ နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ အခရာ ဖြစ်တယ်။ နိုင်ငံ့စီးပွားရေးရဲ့ အနှစ်အဓိပ္ပာယ်ဟာ တိုင်းပြည်ရဲ့ အရင်းအမြစ်သယံဇာတတွေကို အထိရောက်ဆုံး အသုံးချနိုင်မှု ဖြစ်တယ်။ မြေအောက်၊ ရေအောက် စွမ်းအင်အရင်းအမြစ်တွေ အလုံအလောက်ရှိပါလျှက်နှင့် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်၊ နိုင်ငံစီးပွားရေး ယန္တရားရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိအောင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ရင် နိုင်ငံရဲ့ GDP က တက်လာအုံးမှာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်မှု မတိုးတက်သရွေ့ နိုင်ငံသားတစ်ဦးစီရဲ့ ၀င်ငွေ၊ လူနေမှုအဆင့်အတန်းစတာတွေ တိုးတက်လာမှာ မဟုတ်ဘူး။ သဘာဝအရင်းအမြစ်တွေကို ထိထိရောက်ရောက်အသုံးမချနိုင်တာဟာ ထိရောက်တဲ့ အစိုးရ မရှိသေးလို့ပဲ ဖြစ်တယ်။ အမှတ် (၁)၊ အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန မကလို့ အမှတ် ၁၀၀ ထိ လျှပ်စစ်ဝန်ကြီးဌာနတွေကို ဖွဲ့ပစေအုံးတော့။ ထိရောက်တဲ့၊ ကျွမ်းကျင်လိမ္မာတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အစားမထိုးနိုင်သရွေ့ ထိရောက်တဲ့ အစိုးရဖြစ်လာမှာ မဟုတ်ဘူး။ တောင့်တင်းခိုင်မာတဲ့ စီးပွားရေးစနစ်ကြီး ဖြစ်လာမှာ မဟုတ်သလို “ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတည်ဆောက်ရေး” ဆိုတာကလည်း လေထဲမှာ အိမ်ဆောက်တာပဲ ဖြစ်နေလိမ့်မယ်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့