သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

"ဒလမြို့နယ်အတွင်းကျောင်းစရိတ် အခက်အခဲ ဖြစ်နေသည့် ကလေးများအား သားစိုးနှင့်ဖိုးချစ်တို့ ကျောင်းထားပေးမည်"



သားစိုးက ဒလမြို့ကိုရေသွားလှူရင်း ကျောင်းအပ်ဖို့ကျောင်းစရိတ် မတတ်နိုင်တဲ့ မိသားစုတွေရဲ့ကလေးတွေကို တွေ့ခဲ့ရပါတယ်။ သားစိုး ကိုယ်တိုင်ကလည်း မှော်ဘီမြို့ နယ်မှာ ကျောင်းစရိတ်မတတ်နိုင်တဲ့ ကလေး ၂၄ဝ ကျော်လောက်ကို အခုလက်ရှိမှာ ကျောင်းထားပေးနေပါတယ်။ ဒလ ကိုရေလှူ ဖို့သွားတော့လည်း ကျောင်းစရိတ် မတတ်နိုင်တဲ့ ကလေးတွေ ကို တွေ့ရပြန်တဲ့အတွက် ဒီကလေးတွေကို ကျောင်းထားပေးနိုင်ဖို့ စိတ်ကူး ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဖိုးချစ်နဲ့တိုင်ပင်ပြီး ကလေးတွေရဲ့ကျောင်း စရိတ်တွေကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း သားစိုး

ကပြောပါတယ်။ သားစိုးက အခုလတ်တလောမှာတော့ ပုသိမ်ဖျော်ဖြေရေးမှာ ရောက်ရှိနေပါ တယ်။ ''ဖိုးချစ်ရော Father Land ပိုင်ရှင် ဦးကျော်မြင့်ရော ဝမ်းပန်းတသာနဲ့ ကူညီမယ်ဆိုပြီးပြောကြတယ်။ နောက် ပုသိမ်ဖျော်ဖြေပွဲမှာ ရောက်ရှိနေကြ တဲ့ အနုပညာရှင်တွေက သူတို့လည်း ပါဝင်ကူညီမယ် လို့ပြောကြတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်ဘာသာဝင်မဆို ကျောင်းထားပေးမယ်။ ဒါပေမဲ့ ကျောင်းထားပေးတဲ့အတွက် စာမေး ပွဲတော့ အောင်အောင်ဖြေကြပါ။ ကြိုးစားတာတော့ မြင်ချင်တယ်။ ဘာသာရေး ချုပ်နှောင်တာမျိုးလည်း မရှိပါ ဘူး။ ကျွန်တော်တို့အနေနဲ့ ဖြူစင်သန့်ရှင်းစွာနဲ့ လှူတာပါ။ ပညာတတ်မှ ကျွန်တော်တို့တိုင်းပြည် ကမြင့်မှာပါ။ ပညာမရှိရင် ကျွန်တော်တို့တိုင်းပြည် ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာမွဲဖြစ်နေ မှာပါ။ ကျွန်တော်တို့ရဲ့ အနာဂတ်က ဒီ ကလေးတွေ အပေါ်မှာရှိပါတယ်'' လို့ ပညာ ရေးအလှူနဲ့ ပတ်သက်ပြီး သားစိုးကရှင်း ပြပါတယ်။ ဒလမြို့နယ်မှာရှိတဲ့ ကျောင်းမအပ်နိုင်တဲ့ ကလေးတွေရဲ့ကျောင်း ဝင်ကြေး၊ ဖတ်စာအုပ်ဖိုး၊ ဗလာစာအုပ်ဖိုး၊ ခဲတံ နဲ့ဘောပင်အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေကိုပါ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သားစိုးက ထပ်လောင်းပြောပါတယ်။ ဆက်လက်ပြီး ကျောင်းစရိတ်မတတ် နိုင်တဲ့ကလေးတွေ အတွက် သားစိုးနဲ့ အတူ ကျောင်းစရိတ် ထောက်ပံ့ပေးမယ့် ဖိုးချစ်ကလည်း ``တခြား အနုပညာရှင်တွေလည်း ပါပါတယ်။ Father Land ကလည်းပါ တယ်။ ကျောင်းစရိတ် မတတ်နိုင်တဲ့ ကလေးတွေအတွက် ကျောင်း အပ်ပေးကြမှာပါ။ လိုအပ်တဲ့ ကျောင်းစရိတ်တွေကို တတ်နိုင်သလောက် သွားလှူကြမယ့် သဘောပါ။ ပညာရေးက အရေးအပါဆုံးပါပဲ။ အနာ ဂတ်မြန်မာနိုင်ငံကို ဦးဆောင်မယ့် လူငယ်တွေက ပညာတွေ အများကြီး တတ်ထားဖို့လိုပါတယ်´´လို့ တိုင်းပြည်အတွက် ပညာရေးက ဘယ်လောက် အရေးပါသလဲ ဆိုတာကိုပါ ပြောပြခဲ့ပါတယ်။ ဒလမြို့နယ်အတွင်း ကျောင်းစရိတ် မတတ်နိုင်လို့ ကျောင်းတက်ဖို့ အခက် အခဲဖြစ်နေတဲ့ ကလေးများကို လက်လှမ်းမီသမျှ စာရင်းကောက်ကြည့်တဲ့ အခါ မှာတော့ တော်တော်များများ ရှိကြောင်း ဒလမြို့နယ်အတွင်း ပရဟိတ အကျိုးဆောင်ရွက်နေတဲ့ ကိုတင်အောင်မြင့်က ပြောပါတယ်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့