သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

ခံစားချက်တွေယိုဖိတ်ငွေ့ရည်ဖွဲ့ခြင်း

ခံစားချက်တွေယိုဖိတ်ငွေ့ရည်ဖွဲ့ခြင်း

နောက်ဆုံးတော့လဲ သမတ်ရိုးကျအဖြစ်တွေနဲ့သာ ကျန်နေခဲ့ရ
တဖြည်းဖြည်းတွေး--ဆွေး---ဝေး---အတိတ်ရနံ့ဟာ ခပ်စိမ်းစိမ်းနဲ့စိုက်ကြည့်နေခဲ
ရင်မှာစိုက်ဝင်ခဲ့သော ---ခရမ်းရင့်ရင့်သွေးစိမ်းဒါဏ်ရာတွေက---နက်သထက်နက်လာခဲ့ခြင်း
အဝေးရောက်---ဖဲကြိုးဝါ၀ါကလေးတွေနဲ့ ခေါင်းငိုက်စိုက်ချခဲ့ရသော ညနေခင်းများဟာ ရီဝေစွာ
လှောင်ရယ်နေခဲ့ကြ---ယမကာတစ်ခွက်ရဲ့ဘေးနှုတ်ခမ်းဖျားမှာ ---လွတ်ကျကွဲခဲ့ရတဲ့
နှုတ်ခမ်းတစ်စုံရဲ့အေးစက်စက် အထိအတွေ့----အရွေ့---အငွေ့သာသာ။

ယူကလစ်ပင်တွေရိပ်ကနဲ---ရိပ်ကနဲ---ကျော်ဖြတ်သန်းလာခဲ့တဲ့-----
အရှိန်အဟုန်တစ်ခုရဲ့ခမ်းနားမှု

---တခါတခါမိုက်ကနဲမိုက်ကနဲ အတွေးနက်နက်တွေဝင်လာခဲ့
ကောင်းကင်ထက်က တိမ်မြုခိုးတွေ----(ခံစားချက်တွေယိုဖိတ်ငွေ့ရည်ဖွဲ့ခြင်းလည်းဖြစ်နိုင်တယ်)
စက်လက်ကျခဲ့ရတဲ့ အိပ်မက်အပိုင်းအစတွေနဲ့ -----တခါတခါကိုယ့်ကိုယ်ကိုယ်ပြန့်ရစ်ပတ်ခဲ့သော
ခံစားချက် အသေများအား ---အေးစက်ကိုက်ခဲစွာ ပိုက်ထွေးနေခဲ့ရင်း ။

ဘယ်တော့မှဟောင်းနွမ်းမသွားခဲ့ဘူး---ရောင်းတန်းမ၀င်ခဲ့တဲ့ကဗျာစာရွက်တွေသာပြန့်ကျဲ
လန့်နိုးသွားခဲ့ရတဲ့ဥာဉ့်နက်တစ်ညရဲ့ အိပ်မက်ဆိုးခြေသံတွေကြားမှာ----ဆို့နင့်မှုတွေသာအဖတ်တင်ကျန်ရစ်တယ်
ထွက်ပြေးသွားခဲ့တာမဟုတ်ပေမယ့်--မှီအောင်မလိုက်နိုင်ခဲ့တဲ့နေ့ရက်တိုင်းရဲ့ ရယ်သံတွေကြားမှာ
မိုး ဟာ တ ဖြ ည်း ဖြ ည်း သ ည်း လာ ပြ န် တ ယ် -------။

ဘယ်တော့မှတောက်ပြောင်လင်းလက်ခွင့်မရနိုင်တော့တဲ့----ကြယ်တစ်ခက်ရဲ့အလယ်ဗဟိုစက်ဝန်းမှာ
ဆွေးမြေ့ရီဝေခြင်းတွေချိတ်တွဲ---အရာရာဟာခပ်မွဲမွဲကလေးရီဝေနေခဲ့
ပင်လယ်ကမ်းစပ်များသည်လည်းကောင်း----ဆံနွယ်ခက်များသည်လည်းကောင်း
အလင်းဖျော့တော့သောကောင်းကင်သည်လည်းကောင်း---မှိုင်းညို့စိမ်းလက်သောညနေခင်းများသည်လည်းကောင်း
အရာရာသည်---ဟိုးအဝေးမှာ---ဝေးသထက်ဝေးလာခဲ့ရ ။

ဖျက်ကနဲ့ကြည့်မိယုံကလေးပါပဲ----(တကယ်ဆိုမျက်စိတစ်မှိတ်အတွင်းလည်းဖြစ်နိုင်သေးတယ်)
ယုံကြည်မြတ်နိုးခြင်းရဲ့အစွန်းဖျားချောက်ကမ်းပါးမှာ---ငါ့အိပ်မက်ကလေးတွေ ယိုင်နဲ့နဲ့
မတော်တဆ ကျကွဲသွားခြင်းလည်းဖြစ်နိုင်သလို -----မတော်တဆ---တိုက်ချသွားခြင်းလည်းဖြစ်နိုင်သေးတယ်
နောက်ဆုံး----နောက်ဆုံး------ကဗျာတစ်ပုဒ်သာ ငါ့အနားမှာ ကျန်နေခဲ့တယ်

No comments:

Post a Comment

ရေးချင်ရာသာရေးတော့