သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

မျှော်လင့်ရင်းလဲ မင်းကို လွမ်းနေဆဲ..

ချစ်တတ်သူ တစ်ယောက် မဟုတ်ခဲ့လေတော့
မင်း ပစ်ပယ်သွားတာ သိပ်မဆန်းပါဘူး
ဒါပေမယ့် ငါဟာ...
အချစ်ငတ်သူလဲ မဟုတ်ပြန်ဘူး..

ဟို..အရင် မင်း မရှိစဉ်ကလဲ
အထီးကျန်လမ်းမှာ ငါ တစ်ယောက်တည်း
သိုသိပ်လျှို့ဝှက်စွာ ကြီးပြင်းလာခဲ့
မက်မောတွယ်တာဖွယ်တွေ သိပ်မရှိခဲ့ဘူး..

မင်းကို ချစ်မိပြီး နောက်ပိုင်းမှာတော့
ပြောင်းလဲမှုများစွာ ဖြစ်လာပါတယ် ချစ်သူ..
ငါဟာ အရင်ကထက်

ပိုပြီး
သိုသိပ်လျှို့ဝှက်လာတယ်.
တည်ငြိမ် ရင်ကျင့်လာတယ်..
ဘဝ ဆိုတာကို နားလည်စ ပြုလာတယ်...
ကျေးဇူးပါ ချစ်သူ..

မင်းကို ချစ်မိတာအတွက် ငါ ဘယ်တော့မှ နောင်တ မရပါဘူး
မင်းရဲ့ တုန့်ပြန်မှု ဘယ်လို ရှိစေပေါ့လေ..
ဘာပဲဖြစ်ဖြစ် ငါဟာ..
အရင်ကထက် ပိုပြီး တိုးတက်လာတယ်..

မင်းကို ချစ်နိုင်ခွင့်လေး
တစ်ခါ ပြန်ရမယ် ဆိုရင်တော့
ပျော်ရွှင် ကြည်နူးဖွယ်တွေ
တို့နှစ်ဦးကြား စိမ့်ဝင်ပျံ့နှံ့နေလိမ့်မယ်..
ဝမ်းနည်း ကြေကွဲဖွယ်တွေ ရှိလာရင်တောင်
ငါတို့ ရယ်မောနိုင်ကြမှာပါ..

ငါတောင့်တမိတဲ့ အဲဒီအချိန်
ဘယ်တော့ ရောက်လာမယ် မသိပေမယ့်
ငါကတော့ မျှော်လင့်ချက် အပြည့်နဲ့
စောင့်စားနေဆဲ.. မှန်းဆ ကြည်နူးနေဆဲ..

မျှော်လင့်ချက်ကြောင့် ငါ့ဘဝ
လင်းလက်တောက်ပဆဲ..
အားမာန်အပြည့် လျှောက်လှမ်းဆဲ..
မျှော်လင့်ရင်းလဲ မင်းကို လွမ်းနေဆဲ..

No comments:

Post a Comment

ရေးချင်ရာသာရေးတော့