Popular Posts
-
ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက်...
-
အို...ချစ်ရပါသော.....ကောင်မလေး ကောင်းကင်ပေါ်မှာ လင်းလက်စွာ တောက်ပနေတဲ့ ကြယ်လေးတွေဟာ အာကာတစ်ခွင်ကို သာယာခြင်းတေ...
-
ယောက်ကျားလေးတစ်ယောက်က အချစ်စစ်တစ်ခုကိုရဖို့ ... ကြိမ်ဖန်များစွာ ''အသည်း '' ကွဲပေးခဲ့ရတယ်.... မိန်းကလေးတစ်ယောက်က အချစ...
-
၁၅၀၀ မည်သော အချစ် ချစ်ရသူ ရေ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်... ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ တို့နှ စ်ယောက်လက်တွေ မြဲခဲ့တယ်.... နှစ...
-
၁ ။ http://www.freebookspot.in/ အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် … ...
-
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်မှာ မဟာချိုင်က ကိုယ့်လူမျိုးတွေကို အားပေးစကားပြော ဆုံးမခဲ့တာ၊ ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ်နဲ့ ...
-
ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက် တကယ်လို့ … ဆိုပြီးတောင် ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး … ချစ်သူ တကယ် ချစ် မချစ် အချစ်က စစ် မစစ် ...
-
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမ...
-
~~~~~~~ ကိုယ်သာနာစေ ... စိတ်မနာစေနဲ့ .... ~~~~~~~~ ကောင်းတဲ့ ဝေဒနာကိုပဲ ခံစား ... ခံစား ........ ဆိုးတဲ့ ဝေဒနာကိုပဲ ခံစား ..... ခံစား ...
-
၂၉-၅-၂၀၁၂နှစ် ည၁၀ နာရီအချိန်တွင်မြန်မာန်မာနယ်စပ် နစ်မြစ်အနောက်ဖက်ဘင်္ဂလာဒေ့ခ်ျနို င် ငံ မြစ်နားရွာ။ခြံချောင်းအနီး ၀ါးခွတ်ချောင်းအင်တော်လီေ...
Sunday, June 3, 2012
အမေစု ရဲ့  မဲလဒုက္ခသည်စခန်း ခရီးစဉ် ..
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။
"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို
တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
ရေးချင်ရာသာရေးတော့