သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Sunday, June 3, 2012

" သူရဲကောင်း မိခင် "


----------------------

" တစ်ချို့တွေက ပြောကြတယ်..။
မြန်မာပြည်သူတွေက သူရဲကောင်းဝါဒ
ကို အခုထိသက်ဝင်ယုံကြည်နေတုန်းပဲတဲ့
ပုဂံခေတ်(ပထမမြန်မာ)တုန်းက အနော်ရထားမင်း၊
ဟံသာဝတီခေတ်(ဒုတိယ)မြန်မာနိုင်ငံတော်ကျ ရှင်ရဲထွတ်(ဘုရင့်နောင်)၊
ကုန်းဘောင်ခေတ်(တတိယ)မြန်မာနိုင်ငံတော်မှာ ရွှေဘိုနယ်သား
အောင်ဇေယျ(အလောင်းမင်းတရား)၊
စတုတ္ထခေတ်လို့ဆိုရမယ့် (လွတ်လပ်ရေးကြိုးပမ်းမှုခေတ်)မှ
ဗိုလ်ချုပ်အောင်ဆန်း၊
ယခု အာဏာရှင်ခေတ်ဆိုးကိုတွန်းလှန်စဉ်၊

တွန်းလှန်ဆဲ၊ တွန်းလှန်ပြီးစ
အချိန်အခါမှာတော့ - အမေဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ
တွေ တော်တော်လေးအသည်းစွဲချစ်ခင်လေးစားတဲ့သူရဲကောင်း
အဖြစ်သတ်မှတ်ထားကြပါတယ်တဲ့..။ ကျနော်ကတော့ မြန်မာနိုင်ငံရဲ့ကောင်းကျိုးကိုတကယ်စေတနာထားပြီး လက်တွေ့
အလုပ်ဖြစ်အောင်၊ အောင်မြင်အောင်လုပ်ဆောင်တတ်တဲ့ မြန်မာနိုင်ငံသား
မည်သူကိုမဆိုကျနော့်ဘ၀ရဲ့သူရဲကောင်းတွေချည်းပါပဲ..။ အမေစုဟာ
ကျနော်တို့ရဲ့သူရဲကောင်းတွေထဲက သူရဲကောင်းတစ်ယောက်ပါ။
အမေစုဟာ သူရဲကောင်းတွေထဲက ကျနော်တို့ရဲ့မျှော်လင့်ချက်ရောင်နီကို
ဆောင်ယူပေးခဲ့သူပါ..။ ကျနော်တို့ရဲ့အကြောက်တရားတွေကို
ဖြေဖျောက်ပေးခဲ့သူပါ...။ ကုန်ကုန်ပြောရရင် ကျနော်တို့ရဲ့ ကောင်းကျိုးကို
အစဉ်အမြဲလိုလားခဲ့ ၊ ကောင်းကျိုးဖြစ်ထွန်းအောင်လည်း လုပ်ဆောင်
ကြိုးစားနေတဲ့ ကျနော်တို့ရဲ့ မိခင်ပါပဲ။ "

No comments:

Post a Comment

ရေးချင်ရာသာရေးတော့