သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Friday, June 1, 2012

နင့်ကို ဂွတ်ည လို့ နှုတ်ဆက်ဖို့ စောင့်နေတတ်တယ်

နင် နားမလည်ဘူး သိလား....
ငါ တစ်နေ့တစ်နေ့ နင့်ကို ကြည့်ပြီး...
နင့် ပုံရိပ်တွေ မျက်စိထဲက မထွက်ဘူးဆိုတာလေ....

နင် နားမလည်ဘူးသိလား...
နင် အမူအရာ တစ်ချက် ပျက်တာနဲ့ ...
ငါ့ရဲ့ အတွေးတွေထဲမှာ ယောက်ယက်ခတ်ကုန်တယ်ဆိုတာလေ....

နင် နားမလည်ဘူး

သိလား....
ငါ online တက်တဲ့ အချိန်တိုင်း...
နင်မရှိလို့ ဘယ်လောက် စိတ်ပျက် အားငယ်ရတယ် ဆိုတာလေ....

နင် နားမလည်ဘူး သိလား...
လူတွေက နင်ဟာ ငါနဲ့ မထိုက်တန်ဘူးလို့ ပြောတဲ့ အခါတိုင်း...
ငါ သူ့ကို သဘောကျတယ် လို့ ပြန်ပြောခဲ့တယ် ဆိုတာလေ....

နင် နားမလည်ဘူး သိလား...
ညတိုင်း chatting ထဲမှာ ...
နင့်ကို ဂွတ်ည လို့ နှုတ်ဆက်ဖို့ စောင့်နေတတ်တယ် ဆိုတာလေ.....

နင် နားမလည်ဘူး သိလား....
နင် မို့လို့သာ....
ငါ တန်ဖိုးထား မြတ်နိုးတယ် ဆိုတာလေ.....

No comments:

Post a Comment

ရေးချင်ရာသာရေးတော့