သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Friday, June 1, 2012

ငါ့ကို မချစ်တော့ဘူးဆိုရင်

နင်...ငါ့ကို
ချစ်ချင်ယောင် ဆောင်မနေပါနဲ့။
`ဟန်ဆောင်မှု´ တွေထဲမှာ ချစ်ချင်ယောင်ဆောင်တာ
အပင်ပန်းဆုံးဆိုတာ နင် မသိဘူးလား။

နင်...ငါ့ကို မချစ်တော့ဘူးဆိုရင်
ကျေးဇူးပြုပြီး
ငါ့ကို...
မြန်မြန်ပြောပါ။

ငါ့နှလုံးသားထဲက
နင့်ကို ရှင်းထုတ်ပြီး
နေရာလွတ် တစ်ခု ငါ...ထားချင်လို့ပါ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့