သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Saturday, June 2, 2012

ရမည်းသင်း ရွှေတူးလုပ်သားများ ရက်ရှည် ဆန္ဒပြနေ ဖိုးကျော် DVB ၀၂ ဇွန်လ ၂၀၁၂

ရမည်းသင်း ရွှေတူးလုပ်သားများ ရက်ရှည် ဆန္ဒပြနေ
ဖိုးကျော် DVB ၀၂ ဇွန်လ ၂၀၁၂


ဇွန်လ (၁)ရက်နေ့က စတင်ပြီး မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသမှာ ရွှေတူးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အသေးစား တစ်ပိုင်တစ်နိုင် လုပ်ငန်းများကို နိုင်ငံတော်မှလေလံအောင်ထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုပဏီက လုပ်ငန်းများကို ၅-၅-၂၀၁၂ နေ့က စတင်ရပ်ဆိုင်းခိုင်းတဲ့အတွက် လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ရန် ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အသေးစားရွှေတူးတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ ၁၆-၉-၂၀၁၁ နေ့က စတင်ကာ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုက အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်လို့ စတင်ဖိတ်ခေါ်ကာ အစိုးရဆီက လေလံအောင်တဲ့ ဧက ၆၁၀၅ မှာ အကျိုးတူ

ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အကျိုးတူပူးပေါင်းဆောင်ရွက်တယ်ဆိုတာမှာ ကုပဏီက ငွေအင်အား၊ လူအင်အား၊ စက်ပစ္စည်းတစုံတစ်ရာ စိုက်ထုတ်ပေးတာမဟုတ်ပဲ အသေးစာလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းဖြစ်မြောက်ရေးအတွက် အားလုံးအရင်းအနှီးမတည်ကာ လုပ်ဆောင်လာခဲ့ရတာဖြစ်ပြီး၊ အခုလိုလုပ်ငန်းတွေ အောင်မြင်ခါနီးအချိန်မှာ (တစ်ချို့လုပ်ငန်းတွေအောင်မြင်နေ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြီးစားမိုင်းတွင်းတွေ ရွှေလုပ်ငန်းတွေလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းတွေရပ်ဆိုင်းဖို့အမိန့်ပေးတဲ့အတွက် အခုလိုဆန္ဒပြကြတာလဲ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့နေရာမှာပါဝင်တဲ့သူတွေကတော့ အသေးစားလုပ်ငန်ရှင်တွေ၊ မိုင်းတွင်းလုပ်သား (ဇုန် ၁၂ ဇုန်မှ) (ဒေသခေါ် အင်းလုပ်သားတွေ) နဲ့ ဒီဒေသမှာ ဈေးရောင်း၊ ဆိုင်ကယ်အငှားလိုက်နဲ့ အငှားအထမ်းသမား(အင်းတွေကထွက်တဲ့ဗြုန်းအိတ်ထမ်း) တဲ့လူတွေ၊ ပြီးတော့ရွှေကျင်တဲ့အမျိုးသမီးတွေနဲ့မိသားစုတွေပါဝင်နေတာဖြစ်ပါတယ်။

အကျိုးတူပူးပေါင်းဆောင်ရွက်မယ်လို့ စတင်ကာ ကုပဏီက ဖိတ်ခေါ်စဉ်က " သူတို့ငါးနှစ်လေလံအောင်ထားတာ ခင်ဗျားတို့နဲ့ ငါးနှစ်လက်တွဲသွားမယ်၊ နောက်ဒီထက်အဆင်ပြေရင် နောင်နှစ်ပေါင်းများစွာလက်တွဲသွားမယ်" လို့ မက်လုံးပေးထားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုပဏီက အစိုးရဆီကနေ ၅ နှစ်လေလံ မှာ ရွှေတန်ချိန် ၅ ဒသမ ၅၇၇ တန်ပေးဆောင်ရမယ် ဆိုပြီးလေလံအောင်ခဲ့တာဖြစ်ပါတယ်။ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းရှင်အသေးစားတွေကိုတော့ သူတို့ မိုင်း(ဒေသခေါ် အင်း၊ Adit) တွေကထွက်တဲ့ ဗြုန်း(ရွှေပါတဲ့ကျောက်) ကို တစ်ဝက်ခွဲပေးရတာပါ။

အခုလိုလုပ်ငန်းတွေကိုရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်လိုက်တဲ့ အတွက်ကြောင့် ဒီရွှေထွက်တဲ့ဒေသကိုမှိခိုလုပ်ကိုင်စားသောက်နေတဲ့ မိုင်းလုပ်သားတွေရဲ့မိသားစု၊ ကျောင်းနေအရွယ်ခလေးငယ်တွေရဲ့ ဘ၀တွေဟာ မရေရာတဲ့အနာဂါတ်တွေ၊ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်တယ်လို့ ရွှေလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ မိုးထိမိုးမိ ဒေသကလူတွေအားလုံးရဲ့နှုတ်မှာကြားနေရပါတယ်။

အခုလုပ်ငန်းတွေရပ်ဆိုင်းနေတဲ့အချိန်မှာလည်း သူတို့တွေရဲ့ စားဝတ်နေရေးတွေ ဒုက္ခရောက်နေကြပါတယ်။

ကုပဏီ က သတင်းဌာနတွေကို သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီရှင်းလင်းပွဲမှာတော့ ဒီလုပ်ငန်းတွေကို နားလိုက်ရတာဟာ ၀န်ကြီးဌာနရဲ့လမ်းညွှန်ချက်ကြောင့် ရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး၊ နိုင်ငံတကာမိုင်း လုပ်ငန်းတွေ လုပ်ကိုင်ဖို့ရှိနေတာကြောင့် အခုလို ရပ်ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တွေ နဲ့ ကုမဏီတာဝန်ရှိတဲ့ GM ဦးထွန်းအောင်စိုး ခေါင်းဆောင်တဲ့ ရှယ်ယာ မန်ဘာများက ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် အခုချိန်ထိတော့ ညှိနှိုင်းလို့မရဘူးဖြစ်နေပါတယ်

No comments:

Post a Comment

ရေးချင်ရာသာရေးတော့