သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Sunday, June 3, 2012

၁၁ လ တင်းတင်းပြည့် တိုက်ပွဲနှင့် Hero များ - Wun Pawng Ning Htoi

၉. မေလ ၂၀၁၂ ခုနှစ်တွင် ကချင်ပြည်နယ် စစ်ပွဲစတင်တာ ၁၁ လ တိတိရှိပြီ။ တိုက်ပွဲများကြောင့် အမျိုးသမီးများစွာ မုဒိန်းကျင့်ခံခဲ့ရသည်။ ကလေးများစွာ သေဆုံးခဲ့ရသည်။ လူများစွာ အိုးမဲအိမ်မဲ့ ပြေးလွှားခဲ့ရသည်။။ ယနေ့ ၁၁ လ တင်းတင်းပြည့်ပြီ။ ထိုအတောအတွင်း နေပြည်တော်နှင့် ရန်ကုန် လူမြင်ကွင်းတွင် ကောင်းသော အပြောင်းအလဲဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းပေးသည်။ NLD ပါတီ လွှတ်တော်ထဲ ရောက်လာသည်။ ယခု ပညာသင်သွားကြပြန်သည်။ အခြားနေရာများတွင်မှု ဆိုးသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ ....... ကချင်ပြည်နယ် ဒေသအတွင်းမှာတော့.... "Blessed are the peacemakers; for they shall be called the children of God." Matthew 5:9 ဇွန်လ ၉ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ဒီလိုနဲ့ စတင်ခဲ့တဲ့ခရီး အခုထိ မပြီးဆုံးသေးပါဘူး။ ဒီလူတွေ မိမိတို့ အိမ်အပြင် မိုးထဲလေထဲ ရောက်နေတာ ၁ နှစ်ပြည့်တော့မယ်။ ဘယ်လိုနည်းနဲ့ နာလန်ပြန်ထူနိုင်မလဲ။ အပစ်ကင်းစင်တဲ့ ကလေးတွေရဲ့ မျက်နှာကို လက်တဆုတ်စာသော သွေးစုတ်ဖုတ်ကောင်များ စေ့စေ့ ကြည့်မိကြပါသလား။ ဒီလိုနေရာမျိုးမှာ ဒီလို အမျိုးသမီးများက ဒုက္ခအခက်အခဲများ မမှုဘဲ မိသားစုကို ချန်ထားပြီး လုပ်အားပေးနေကြတာ မအံ့သြဘူးလား။ သူတို့တွေ ဆုမရကြပါ။ ကမ္ဘာကလည်း မသိကြပါ။ ထိုထိုသော လူမသိ သူမသိ သူရဲကောင်းများအား ချီးကျူး ဂုဏ်ပြု ကြပါစို့။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့