သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

၂၉.မေလ.၂၀၁၂ ၈၈မျိုးဆက်ကျောင်းသားများနှင့် ရွှေနံ့ သာစံပြကျေးရွာက လယ်သမားများတွေ့ ဆုံပုံများ


ဘယ်တုန်းကမှ လယ်မစိုက်ဘူးတဲ့ ကုဋေကြွယ်သူဌေးကြီး တစ်ယောက်ကို သီးစားချပြီး လယ်မြေတွေကို လုပ်ပိုင်ခွင့် ပေးလိုက်တယ်ဆိုတာ အမြီးမောက်မတည့်တဲ့ ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်။ လယ်မြေတွေ အပေါ်မှာ ဓါးမ ဦးချလုပ်ကိုင်လာတဲ့ မွန်လူမျိုးတွေအများစုဖြစ်တဲ့ လယ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ သောကတွေ ပူဆွေးမှုတွေ မျက်ရည်တွေကို အရောင်းအဝယ်လုပ်ဖို့ အဲ့ဒီ ကုဋေကြွယ်သူဌေးကြီး ကို ခွင့်ပြုလိုက်တာဘဲဖြစ်တယ်။ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်ရှိရမယ်။ ကိုယ်မြေပေါ်ကို ကိုယ်ဖာသာကို စိုက်ပျိုးပြီး ရုန်းကန်ရှာဖွေစားသောက်နေရတဲ့ အဲဒီ ရွှေနံသာစံပြကျေးရွာက လယ်သမာေးတွရဲ့ လယ်လုပ်ပိုင်ခွင့်ကို ပြန်ပေးပါ။ အေးချမ်းစွာရှာဖွေ နေထိုင်စားသောက်ခွင့်ဟာ လယ်သမားတွေလဲ ရသင့်ပါတယ်။ ဆန်တစ်စေ့ ဘယ်လိုဖြစ်လာတယ်ဆိုတာကို ဘာမှမသိတဲ့ လူတစ်ယောက်က လယ်မြေတွေကို မတရားသိမ်းပိုက်ပြီး လယ်လုပ်ခွင့်ရတယ်ဆိုတာဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ လယ်သမားတွေရဲ့အနာဂတ်အတွက် ဘယ်လိုမှ ကောင်းနိုင်မှာမဟုတ်ဘူး။ ပြီးတော့ အဲဒီသူဌေးကြီးဟာ မွန်လူမျိုးဖြစ်တယ်လို့ကြားဖူးပါရဲ့ … ဒါဆိုရင် မွန်လူမျိုးအချင်းချင်း ဘာဖြစ်လို့ မငဲ့ညာ မထောက်ထားနိုင်တာလဲ။ အဲ့ဒီလိုအဖြစ်တွေဟာ အစိုးရနဲ့ လယ်သမားတွေအကြား တိုင်းရင်းသားနဲ့ အစိုးရအကြား အထင်အမြင်လွဲမှားမူတွေ သံသယပွားမူတွေသာလျှင် ဖြစ်ပေါ်စေ မှာဖြစ်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့ဆိုရင် အစိုးရအနေနဲ့ နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမူကို ဖော်ဆောင်ပေးနိုင်ဖို့ လိုလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ၇၀% ဖြစ်တဲ့ လယ်သမားတွေရဲ့ဘဝ လယ်သမားသားသမီးတွေရဲ့ဘဝ မြင့်တက်လာဖို့ တရားမျှတမူတွေရရှိဖို့ ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားများကတော့ လယ်သမားတွေရှေ့က ရပ်တည်နေမှာဘဲ။ ပြီးတော့ ကြိုးစားနေဦးမှာပါဘဲ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့