သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်ဟု ပညာရှင်အချို့က ခန့်မှန်း



မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များ အသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်နေပြီး အမှန်တကယ် ရရှိရန်လည်း ထိုက်တန်သူ ဖြစ်ကြောင်း ပညာရှင်အချို့နှင့် ပြည်သူများက သုံးသပ် ပြောကြားမှုများ ရှိနေသည်ကို ၂၂-၅-၂၀၁၂ရက်က ကြားရသည်။

ပြည်သူများအကြားတွင် အနည်းငယ် လေ့လာစစ်တမ်း မေးမြန်းရယူမှုအရ ပညာတတ်အလွှာအချို့က ဖြစ်သင့်သည့် ကိစ္စဟု သုံးသပ်ကြပြီး သာမန်ပြည်သူများကြားတွင်မူ သမ္မတကြီး ရခဲ့လျှင် ပျော်ရွှင်ကြောင်း ပြောဆိုနေကြသည်ဟု ကြားသိရသည်။ “ယခင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေကလည်း သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို အသိအမှတ် ပြုလာကြတဲ့ သတင်းတွေ

ကြားနေရတယ်။ သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို အရသင့်ဆုံးလူလို့ မြင်တယ်။ သမ္မတက ဒါကိုရဖို့ လုပ်ဆောင်နေခဲ့တာ မဟုတ်သလို တကယ့် ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေတာပါ” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။

“သမ္မတကြီးကို ဒီဆုရစေချင်တယ်။ နှစ်ပေါင်းများစွာ မငြိမ်းသတ်ခဲ့တဲ့ ပြည်တွင်းစစ်ကို သမ္မတပြန်လည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့က စတင်တည်ငြိမ်အောင် ဖော်ဆောင်လာနိုင်တယ်။ လက်ရှိကဏ္ဍပေါ်မှာ အရသင့်ဆုံးသူက သမ္မတကြီးပဲ ဖြစ်သင့်ပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ပြောရင် ဒါကို ကျေနပ်တယ်” ဟု UN အကြီးတန်း အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။ “သမ္မတကြီးကိုတော့ ချီးကျူးမှာပါပဲ။ ကျဉ်းထဲကျပ်ထဲ အချိန်မှာ ဒီမိုကရေစီဆန်ဆန် တည်ငြိမ်အောင် ကြိုးစားနိုင်တယ်။ သူစိတ်မပါဘဲနဲ့ ကျွန်တော်တို့ ဒီမိုကရေစီကို သွားလို့မရဘူး။ နိုဘယ်လ်ဆုရတာ မရတာကို မပြောလိုသည့်တိုင် သမ္မတကိုတော့ မချီးကျူးဘဲ ချန်ထားလို့ မရနိုင်ဘူး။ သူတော်လို့လည်း Time မဂ္ဂဇင်းမှာ ရွေးချယ်ခံခဲ့ရတာပဲ။ဘာပဲပြောပြော ကျွန်တော်တို့ ပြည်သူအနေနဲ့ သူ့ကို ထောက်ခံ အားပေးရမှာပါပဲ” ဟု သုတေသနပညာရှင် ဒေါက်တာစိုးထွန်းက သုံးသပ် ပြောကြားသည်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့