သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

ဆီးရီးယားမှာ ၂၀၁၁ ကနေ ယနေ့အထိ


ဒီမိုကရေစီ တောင်းဆိုနေကြသူတွေပေါင်း သောင်းချီ သေဆုံးသွားကြရရှာပါပြီ။ အမိန့်ပေးစေခိုင်းသူက အာဏာရှင် သမ္မတအာဆတ်ဒ် ဖြစ်ပါတယ်။ ကမ္ဘာက မသတ်ဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြတုန်းမှာပဲ အာဏာရှင် သမ္မတအာဆတ်ဒ် သစ္စာခံစစ်အုပ်စုတွေက သွေးအေးအေး နဲ့ ဆီးရီးယားမှာ နေ့စဉ် သတ်ဖြတ်နေတာပါ။ ပြီးခဲတဲ့ သောကြာနေ့ မေလ ၂၅ ရက်နေ့က ဟူးလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေနဲ့ စုစုပေါင်း လူတစ်ရာကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မှာ ဆယ်နှစ်အောက်ခလေးတွေ ၃၂ ယောက် ပါဝင်ပါတယ်တဲ့။ ဒါ့ကြောင့် အမေရိကန်မြေက ဆီးရီးယားသံတမန်တွေကို နှင်ထုတ်လိုက်ပါပြီ။ ပြင်သစ်နဲ့ သြစတြေးလျား နိုင်ငံတွေကလည်း ဆီးရီးယားသံတမန်တွေကို နှင်ထုတ်လိုက်ပါပြီ။ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ၊ စပိန်၊ နယ်သာလန်နဲ့ ကနေဒါတို့ကလည်း သူတို့နိုင်ငံမှာရှိတဲ့ ဆီးရီးယား သံတမန်တွေကို နှင်ထုတ်မယ်လို့ ကြေညာထားပါတယ်။ ဆီးရီးယားအာဏာရှင် သမ္မတအာဆတ်ဒ် ရဲ့ ပစ်မိန့်ပေးသံ မောင်းပြန်သေနပ်ကျည်ဆံတွေကြောင့် အပစ်မဲ့ ပြည်သူတွေ ကလေးတွေ သေကြေခဲ့ကြရရှာပြီ။ အခုဆို ဆီးရီးယားအာဏာရှင် သမ္မတအာဆတ်ဒ် ဟာ မျိုးပြုန်းသတ်ဖြတ်မှုပါကျူးလွန်လာပြီ။ ကမ္ဘာက ဆီးရီးယား ဒီမိုကရေစီအရေး ဘယ်လိုကိုင်တွယ်မလဲ စိတ်ဝင်စားစရာပါ။
ရင်ထဲငြိလာသော ဓါတ်ပုံများ

No comments:

Post a Comment

ရေးချင်ရာသာရေးတော့