ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။ ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက်ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင်ခြောက်ပစ
Popular Posts
-
ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက်...
-
အို...ချစ်ရပါသော.....ကောင်မလေး ကောင်းကင်ပေါ်မှာ လင်းလက်စွာ တောက်ပနေတဲ့ ကြယ်လေးတွေဟာ အာကာတစ်ခွင်ကို သာယာခြင်းတေ...
-
ယောက်ကျားလေးတစ်ယောက်က အချစ်စစ်တစ်ခုကိုရဖို့ ... ကြိမ်ဖန်များစွာ ''အသည်း '' ကွဲပေးခဲ့ရတယ်.... မိန်းကလေးတစ်ယောက်က အချစ...
-
၁ ။ http://www.freebookspot.in/ အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် … ...
-
၁၅၀၀ မည်သော အချစ် ချစ်ရသူ ရေ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်... ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ တို့နှ စ်ယောက်လက်တွေ မြဲခဲ့တယ်.... နှစ...
-
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်မှာ မဟာချိုင်က ကိုယ့်လူမျိုးတွေကို အားပေးစကားပြော ဆုံးမခဲ့တာ၊ ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ်နဲ့ ...
-
ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက် တကယ်လို့ … ဆိုပြီးတောင် ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး … ချစ်သူ တကယ် ချစ် မချစ် အချစ်က စစ် မစစ် ...
-
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမ...
-
၂၉-၅-၂၀၁၂နှစ် ည၁၀ နာရီအချိန်တွင်မြန်မာန်မာနယ်စပ် နစ်မြစ်အနောက်ဖက်ဘင်္ဂလာဒေ့ခ်ျနို င် ငံ မြစ်နားရွာ။ခြံချောင်းအနီး ၀ါးခွတ်ချောင်းအင်တော်လီေ...
-
ထိုင်းနိုင်ငံတွင် ကျင်းပနေသော ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။ (ဂျွန်လ ၁ ရက်၊ ၂၀၁၂။) မြန်မာနိုင်ငံက လူ...
Wednesday, May 30, 2012
ရုပ်ဆိုးဆိုးနဲ့ သရဲ့
ရုပ်ဆိုးဆိုးနဲ့ သရဲ ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ
လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။
ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုကို ဖြတ်ရတယ်။ … ဒါနဲ့
ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက်
ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း”
လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့်
ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး
ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။
“သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!”တဲ့ အသံကြောင့်
ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။ ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက်ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင်ခြောက်ပစ်ရမယ်”
ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ
မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက
“အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက“တောက်..
ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။ အဘိုးအို
စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့
သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့
စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ရေရွတ်လိုက်တယ်။
အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။
တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့
ချုံထဲကနေလက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို
လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံတစ်သံထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား
ထွက်ပြေးသွားခဲ့ရတယ်။ အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့
လူတစ်ယောက် ချုံထဲကနေထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့
သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်းမဆိုးပါဘူး” ဆိုပြီး ထပြန်သွားတယ်..
အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်ေ တွကို အခု ဖတ်နေတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲကပြုံးနေလေ၏….
ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။ ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက်ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင်ခြောက်ပစ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ရေးချင်ရာသာရေးတော့