သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

**ပန်းတစ်ပွင့်သို့ပေးစာ**



မေလရဲ့အပူချိန်ကတဖြည်းဖြည်း
တိုးတိုးလာ ....
နွေတွေကလွယ်လွယ်နဲ့တော့
သွေးမအေးကြပါဘူးညီမလေးရဲ့.....။

မင်းခေါင်းမှာပန်ထားတဲ့ကဗျာဆိုတ
ဆုလွယ်နပ်လွယ်စကားလုံးမျိုးမှမဟုတ်ပဲ.....။

မပြင်လိုက်နဲ့ ၊ မင်းစကားဝဲပုံလေးက
ချစ်စရာကောင်းပါတယ်လေ.....။

အကိုတစ်ယောက်ရဲ့နှစ်သိမ့်မှုမျိုးနဲ့
ငါ့ရင်ခွင်ထဲ လာနေလိုက်

ညီမလေး
မင်းကျတဲ့ မျက်ရည်ဆိုတာက
ငါ့အတွက် ကဗျာလည်းဖြစ်တယ်.....။

ထသွားထလာဝတ်စုံလည်းဖြစ်တယ်.....

ဆော်ဒါမရောထားတဲ့အရက်တခွက်လည်းဖြစ်တယ်.....။

ရန်ကုန်ဆိုတာကိုက
ကောက်ကျစ်တဲ့ဝံပုလွေတစ်ကောင်လေ
အဲ့ဒီဝံပုလွေနားမှာပဲ နေစမ်းပါ ညီမလေးရယ်
သားရဲတွင်းထဲမှာကကွက်ချိုးရတာ
ပျော်ဖို့ကောင်းပါတယ်.....။

“ ဆူးများ ၀ိုင်းပတ်လို့ ကာရံတယ် ..
မင်းလေး အနားနားသို့ မလာနိုင်တယ် .. ”
ပန်းဖြစ်ရတာခြင်းအတူတူတော့
နှင်းဆီပဲဖြစ်လိုက်စမ်းပါကွယ်.....။

ညီမလေးနားမှာ ဆူးခက်တွေဝိုင်းရံထားပေးမယ်
မေလရဲ့အပူချိန်ကတဖြည်းဖြည်း
တိုးလာပြီညီမလေးရဲ့.....။

မညျိုးလိုက်နဲ့...
ဂါထာတစ်ပုဒ်မန်းမှုတ်လိုက်မယ်.....။

ဟိုးကောင်းကင်ဆီကနေမိုးတွေရွာချအောင်ပေါ့.....။ ။ ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့