သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

ဟိုတုန်းက လို ရယ်မောစရာတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို ဖြူစင်မှုတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို အဖြူထည်သက်သက် နင့်လက်ကို ဆုပ်ကိုင်ခွင့် မရတော့ပေမဲ့
ရင်ခုန်သံတွေ နဲ့ ညစ်ထေး
ငါ မရိုးသားချင်တော့ဘူး သူငယ်ချင်းရယ် . . . . ။

နင် ပြောတတ်တဲ့ ငါရှိရင် ပျော်ရွှင်တယ်ဆိုတာ
ငါတို့ နှစ်ယောက်ကြား အဖြူရောင်စည်းခြားတုန်းကသာ
နင့် နှုတ်က ရဲရင့်ခဲ့တာမှန်း
ဒီ စည်းအပြင် ငါကျော်ခဲ့တော့
ငါ ဟာ ထမင်းချိုးဟင်းချိုး ဖြစ်သွားပြီ . . . . ။

ကမ္ဘာလောကကြီးထဲ
နင် နဲ့ ငါသာရှိတယ်
နင်ဟာ ငါ့ကို သိပ် ကြင်နာတယ်
ဒီ အိပ်မက် ကလန့်နိုးပြီးနောက်
နင်ဟာငါ့ကို သိပ်နာကျင်စေတယ်
နှစ်ယောက်တည်းမဟုတ်တဲ့ လောကကြီးထဲ
ပတ်ဝန်းကျင် က စာလုံးပေါင်းတော့
ငါဟာ နင့်အတွက် နတ်ဆိုး တဲ့ . . . . ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့