သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

““သွားမယ်... သွားကွယ်””



မိုးရွာရင် မိုးရေချိုးဖို့
အမိမျှော်လိုက် အဖမျှော်လိုက်နဲ့
စစ်တိုက်တမ်းကစားနေကြသူတွေ။

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်ချင်သူတွေ....

အမေ့ရင်ခွင့် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေး ထိုင်ချင်သူတွေ....

အမေရွက်ထားတဲ့ ဆွမ်းအုပ်နီနီနဲ့
မနက်ဖြန်မနက်ကို
မျှော်နေသူတွေ....

မိုးတွေလေတွေ တိုက်တော့မှ
အသံထွက်လာတဲ့ ဗေဒင်ဆရာတွေ....

ဒို့လည်းကြောက်ပေါင် အတူသွားစို့ ဆိုပြီး
အုန်းလက်နွားလေး ထားခဲ့ချင်သူတွေ....

မိုးရေတက်ရေ တဖွေးဖွေးကြားက လယ်စောင့်တဲကလေး
ခင်ဗျားတို့ကို မေးနေတယ်...

““ညအခါ... လသာသာ...
ကစားမလား..... နားမလား... ”” ....... ..... .... တဲ့။ ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့