သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ကို ရောက်ရှိလာ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီမနက် ထိုင်းစံတော်ချိန် ၉း၄၅ မီနစ် တွင် မြန်မာအလုပ်သမားများဆုံး လုပ်ကိုင်နေတဲ့ မဟာချိုင် ပုဇွန်းဈေးကို ရောက်ရှိလာခဲ့ပါတယ်။


ဈေးမှ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများရဲ့ ကြိုဆို မှုများကတော့ တကယ်ကို ၀မ်းသာစရာမြင်ကွင်းလေးပါဘဲ။



လုံခြုံရေးအစောင့်များကလဲ စနစ်တကျ နေရာယူပေးထားပါတယ်။ နိုင်ငံတကာ သတင်းထောက်များနှင့်အတူ ထိုင်းနိုင်ငံ သတင်းထောက်များကလဲ

သတင်းယူကာ ထိုင်း PBS TV လိုင်းကနေထုတ်လွှင့်ပေးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံရောက်မြန်မာများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို ဟစ်အော်ကြွေးကြော်၍ ဓာတ်ပုံများကိုင်ဆောင်ပြီ ကြိုဆိုနေကြတာကိုလဲ တွေမြင်၇ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ပုဇွန်းဈေးက အဆောင်အဦး တစ်ခုကနေ မိန့်ခွန်းပြောဆိုပါတယ်။ ကြိုဆိုသူ တွေများပြားတဲ့အတွက် လုံခြုံရေးကလဲ အထူးယူထားတာကိုလဲတွေမြင်နေရပါတယ်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့