သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

မေလ ၃၀ ရက်နံနက်က အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ


မေလ ၃၀ ရက်နံနက်က အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ ကို
ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက
လူငယ်တွေ ရောက်ရှိလာကြပြီး ဆန္ဒပြမှုတွေမပြီးသေးတဲ့ စက်ရုံအချို့ကစက်ရုံဝန်ထမ်းများကို
အားပေးစကားပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြနေကြတဲ့ အလုပ်သမား(အများအားဖြင့်အမျိုးသမီးများ)များအတွက် မြန်မာနိုင်ငံလူငယ်များ
အစည်းအရုံးကဦးဆောင်ပြီး မေလ ၂၉ ရက်နေ့က ရုပ်ရှင်၊ဂီတ နဲ့စာပေ အနုပညာရှင်တွေဆီက
အလှူခံရရှိခဲ့တဲ့ ငွေကြေးနဲ့

စားစရာတွေကို စက်ရုံများအားခွဲဝေပေးခဲ့ပါတယ်။
(အလှူရှင်တွေကတော့ ရုပ်ရှင်နဲ့ဂီတအနုပညာရှင် ထွန်းအိန္ဒြာဗို၊ တေးသံရှင်အနဂ္ဂ၊သံသာဝင်း၊
စာရေးဆရာမသန်းမြင့်အောင်)
စက်ရုံတွေမှာ စာသင်ခန်းထဲမှာရှိနေရမယ့် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကိုပါ
မြင်တွေ့ခဲ့ကြရပါတယ်။
ရွှေသံစဉ် အဖွဲ့

No comments:

Post a Comment

ရေးချင်ရာသာရေးတော့