တာက....၂၁၇၈၂၈၀-ကျပ်
Popular Posts
-
ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက်...
-
အို...ချစ်ရပါသော.....ကောင်မလေး ကောင်းကင်ပေါ်မှာ လင်းလက်စွာ တောက်ပနေတဲ့ ကြယ်လေးတွေဟာ အာကာတစ်ခွင်ကို သာယာခြင်းတေ...
-
ယောက်ကျားလေးတစ်ယောက်က အချစ်စစ်တစ်ခုကိုရဖို့ ... ကြိမ်ဖန်များစွာ ''အသည်း '' ကွဲပေးခဲ့ရတယ်.... မိန်းကလေးတစ်ယောက်က အချစ...
-
၁၅၀၀ မည်သော အချစ် ချစ်ရသူ ရေ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်... ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ တို့နှ စ်ယောက်လက်တွေ မြဲခဲ့တယ်.... နှစ...
-
၁ ။ http://www.freebookspot.in/ အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် … ...
-
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်မှာ မဟာချိုင်က ကိုယ့်လူမျိုးတွေကို အားပေးစကားပြော ဆုံးမခဲ့တာ၊ ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ်နဲ့ ...
-
ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက် တကယ်လို့ … ဆိုပြီးတောင် ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး … ချစ်သူ တကယ် ချစ် မချစ် အချစ်က စစ် မစစ် ...
-
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမ...
-
~~~~~~~ ကိုယ်သာနာစေ ... စိတ်မနာစေနဲ့ .... ~~~~~~~~ ကောင်းတဲ့ ဝေဒနာကိုပဲ ခံစား ... ခံစား ........ ဆိုးတဲ့ ဝေဒနာကိုပဲ ခံစား ..... ခံစား ...
-
၂၉-၅-၂၀၁၂နှစ် ည၁၀ နာရီအချိန်တွင်မြန်မာန်မာနယ်စပ် နစ်မြစ်အနောက်ဖက်ဘင်္ဂလာဒေ့ခ်ျနို င် ငံ မြစ်နားရွာ။ခြံချောင်းအနီး ၀ါးခွတ်ချောင်းအင်တော်လီေ...
Wednesday, May 30, 2012
ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံ တိုင်းရင်းသားပြည်သူတွေအတွက်
အောက်က ပုံလေးဟာ ဦးရဲလွင် မန္တလေးကို နေ့ချင်းပြန် တစ်ရက်လာပြီး ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံ
တိုင်းရင်းသားပြည်သူတွေအတွက် တတ်စွမ်းသလောက် အလှူလာခံတဲ့ ပွဲကပုံကလေးပါ။
စိတ်ကဘယ်လောက်ထက်ထက် အသက်က စကားပြောတယ်ပဲ ပြောမလား၊ ဦးရဲလွင် တော်တော်
ပင်ပန်းခဲ့ပါတယ်။ ဒီဓာတ်ပုံထဲမှာဆို သူ့ဗိုက်ကိုနှိပ်နေတာ မြင်လောက်ပါရဲ့။
မန္တလေးက အဖွဲ့တွေလည်း တော်တော် ပင်ပန်းကြပါတယ်။ မနက်
ကားဂိတ်သွားကြိုချိန်ကအစ အလှူခံနေတဲ့အချိန်အလည် ညနေပြန်ပို့တဲ့အချိန်အဆုံး
အသားကုန် ပင်ပန်းကြပါတယ်၊ ဒါပေမယ့် လူငယ်တွေဖြစ်တာရယ်၊ ပြင်းထန်တဲ့
စိတ်ဇွဲရယ်ကြောင့် ခံနိုင်ရည်ရှိကြပါတယ်။ ဦးရဲလွင် ရန်ကုန်မှာ လှည့်လည်
အလှူခံလာတာက...၉၃၅၀၀၀-ကျပ်။ အဲ့ဒီနေ့ မန္တလေးမှာ
အလှူခံလို့ရ
တာက....၂၁၇၈၂၈၀-ကျပ် ။
စုစုပေါင်း=၃၁၁၃၂၈၀-ကျပ်ကို ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံ
တိုင်းရင်းသားပြည်သူတွေအတွက် ချက်ချင်း လှူခဲ့ကြတာပါ။ ဒီအလှူအတွက်
မန္တလေးသားတွေ ပီတိနဲ့ ကြည်နူးနေခဲ့ရတာပါ။ ကဲ..ထားလိုက်ပါတော့။ ဒီနေ့ 7Day
News Journal က မျက်နှာဖုံး သတင်းလေး တစ်ခု ဖတ်လိုက်ရတယ်။ ကချင်စစ်ပွဲ
အထူးသတင်းပေးပို့ချက်...တဲ့။ ကျွန်တော် စစ်လက်နက်တွေအကြောင်း နားမလည်ပါဘူး၊
တန်ဘိုးကိုလည်း မမှန်းတတ်ပါဘူး။ အဲ့ဒီ သတင်းထဲက အကြောင်းအရာ
ဖတ်ကြည့်လည်းပြီးရော ထိုင်ငိုချင်မိတယ်ဗျာ။ တစ်ကယ်ပါ၊ စိတ်ဓါတ်က ဟိုး
အ၀ီစိထိ ထိုးကျသွားတယ်။..သတင်းထဲက အကြောင်းအရာ
နည်းနည်းဝေမျှခွင့်ပြုပါ....... ....."ဂျိန်း"
ခနဲ ပေါက်ကွဲသည့်အသံက အနီးကပ် မိုးကြိုးပစ်သံထက်ပင် ပိုကျယ်သည်။
ခြေဖ၀ါးအောက်က မြေကြီးများ တုန်လှုပ်သွားပြီး မတ်တပ်ရပ်နေသူတစ်စု၏
ခန္ဓာကိုယ်များ ယိမ်းထိုးသွားသည်။ အစိမ်းပုတ်ရောင် ကချင်လွတ်လပ်ရေး
တပ်မတော်(K.I.A) ယူနီဖောင်းကို ၀တ်ထားသည့် ဗိုလ်မှူးက မှတ်ချက်ချသည်။..."ဒါ
၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်သံပေါ့၊ ဒီကျည်ဆံတစ်လုံးက သိန်းလေးဆယ်နီးနီး
တန်တယ်".................. စဉ်းစားသာ ကြည့်ကြပါတော့။ ကျွန်တော်တို့
လုံးပန်းလိုက်ရတာဗျာ၊ ပေးဆပ်လိုက်ရတာဗျာ၊ စည်းရုံးလိုက်ရတာဗျာ၊ စေတနာတွေ
အရင်းခံလိုက်ရတာတွေ......တွေးပြီး
ငိုချင်တယ်ဗျာ။ ဒီ အမြောက်ဆံ တစ်လုံး မပစ်ပဲထားရင် ဒုက္ခသည် အနည်းဆုံ
တစ်ထောင်လောက်ရဲ့ လတ်တလော အကြပ်အတည်းတွေ အများကြီး အဆင်ပြေသွားမှာပါ။
ဦးရဲလွင်တို့လို ပုဂ္ဂိုလ်တွေ အသက်အရွယ်တောင် မထောက်၊
အပင်ပန်းခံခဲ့ရတာတွေဟာ........သူတို့ရဲ့ သရီး၊တူး၊၀မ်း.....ဖိုင်းယား... .ဆိုတဲ့
တဒင်္ဂလေးလောက်တောင် တန်ဘိုး(ငွေကျပ်တန်ဘိုး) မရှိတော့ ဘူးလားဗျာ။
ခါချဉ်ကောင် မာန်ကြီး၊ တောင်ကြီးကို ဖြိုနိုင်ဘို့...ကျုပ်တို့ ခါးကတော့
သန်ပါတယ်ဗျာ၊ ခင်ဗျားတို့ ကာယကံရှင် နှစ်ဖက်စလုံးရဲ့ အတ္တတွေက ကြီးနေလို့
မဖြိုနိုင်ကြတာပါ။ သင်္ဘောပေါက်လည်း ကျုပ်တို့ ညီညွတ်ရင် ဆန်ဆေးတောင်းနဲ့
ဖာနိုင်ပါတယ်။................. .ကဲပါဗျာ အားလုံးအတွက် အတွေးတစ်စ ရရင် ကျွန်တော်ခံစားရကျိုးနပ်ပါတယ်။ ...."စစ်ပွဲတွေကို ကျွန်ုပ်တို့ အဆုံးမသတ်နိုင်ရင် စစ်ပွဲတွေက ကျွန်ုပ်တို့ကို အဆုံးသတ်သွားပါလိမ့်မယ်".....အိ ပ်ခ်ျဂျီဝဲလ်စ်...
တာက....၂၁၇၈၂၈၀-ကျပ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
ရေးချင်ရာသာရေးတော့