သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

ကျတော်တို့အမေစု အခုလည်း လှနေသလို နောင်လည်းလှနေမှာ ဖြစ်သလို သမိုင်းမှာလည်း အမြဲလှနေမှာပါ..။



အမေစုရဲ့ ဒီနေ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်နဲ့ တွေ့ဆုံတဲ့ ပုံထဲမှာ အမေစု အသားတွေ ညိုသွားလို့ဆိုပြီး အမေစုကို ချစ်တဲ့ သားသမီးတွေ စိတ်မကောင်းဖြစ်ကာ ဂရုဏာဒေါသ ကွန်မာန့်တွေ ပေးကြတာ ဖတ်လိုက်ရတယ်...။

ထိုင်းနိုင်ငံကို World Economic Forum တက်ဖို့ တခုတည်းနဲ့ ရောက်လာတာ မဟုတ်ဘူးဆိုတာ အားလုံး သိစေလိုပါတယ်..။ အဓိကကတော့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အမေစု အရေးတကြီး လာရောက်ရတာလည်း ပါပါတယ်..။

ဒီနေ့ ၃၁ရက် ည နေ(၄)နာရီမှာ အမေစု ဒုတိယမြောက် ခရီးအဖြစ် မဟာချိုင်က အလုပ်သမား ယာယီပတ်စ်ပို့ မှတ်ပုံတင်ရုံးကို

ထပ်သွားတယ်..။ ထိုင်းဒု အလုပ်သမား ဝန်ကြီးကိုယ်တိုင် ကြိုတယ်...။ မြန်မာရွှေ့ပြောင်းအလုပ်သမား အတွက် ဒုတိယဝန်ကြီးချုပ်နဲ့ လည်းတွေ့ဆုံခဲ့တယ်.. အမေရဲ့အသံကို ထိုင်းအစိုးရနဲ့ ကမ္ဘာကို ထုတ်ပေးနေတာပါ...။ ထိုင်းအစိုးရကိုလည်း မြန်မာနိုင်ငံသားတွေ အရေးအတွက် ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းသွားတယ်..။ အလုပ်သမားတွေ မြန်မာပြည်ကို ပြန်လာချင်တဲ့ အနေအထားမျိုးဖြစ်အောင် ပြည်တွင်းမှ ပြန်လည် လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ကြိုစားပေးမယ်လို့ ပြောဆိုသွားပါတယ်..။ ရောက်ကတည်းက မရပ်မနား အလုပ်လုပ်နေတာပါ..။ ပင်ပန်းမှာကိုတောင် ဂရုမစိုက်ပဲ တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အလုပ်သမားတွေ အရေးအတွက် အဓိက လာခဲ့တာလို့ သုံးသပ်နိုင်ပါတယ်...။

အဲ့တော့ ကျွန်တော်တို့ အမေစု ရေပြောင်း၊ မြေပြောင်းနဲ့ နိုင်ငံအပြောင်းမှာ ရာသီဥတုဒါဏ်ကြောင့် အသားအနည်းငယ် ညိုသွားတာ နားလည်ပေးပါ... အမေ့အသက်လည်း ၆၇ပြည့်တော့မှာပါ ပင်ပန်းတာလည်း ပါပါတယ်..။ ပြည်သူတွေအတွက် ပြည်ပမှာတောင် အလုပ်လုပ်နေတာပါ...။ ကျွန်တော်တို့ အမေစုသည် စိတ်ရော၊ ရုပ်ပါချမ်းသာ ပြီးသားပါ...။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/ သားတွေအပေါ် ထားတဲ့ မေတ္တာဟာ တုနှိုင်းမမှီပါ...။ အမေစုဟာ ကျွန်တော်တို့ မြန်မာပြည်သားတွေ အပေါ်မှာ ဘယ်တော့မှ မေတ္တာ အလှမပျက်ပါ..။ အဲ့တော့ အမေပင်ပန်း နေပြီဆိုတဲ့ စိတ်လေးနဲ့ အမေဘေးရန်ကင်းရှင်းပြီး အသက်ရာကျော် ရှည်စေဖို့ ဆုမွန်ကောင်း တောင်းပေးကြပါ။

ကျတော်တို့အမေစု အခုလည်း လှနေသလို နောင်လည်းလှနေမှာ ဖြစ်သလို သမိုင်းမှာလည်း အမြဲလှနေမှာပါ..။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့