မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉)နှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာအရေးယ ဖြေရှင်းပေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေးရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ အမြန်ဆုံးလုပ်ဆောင် အကောင်အထည်ဖော်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ မြန်မာနိုင်ငံ တိုင်းရင်းသားများ စုစုပေါင်း (၁၂၀)ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ NLD(LA)Japan Branch

No comments:
Post a Comment
ရေးချင်ရာသာရေးတော့