သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

တခါတလေတော့လည်း



@ အချစ်ဆိုတာ ကောင်းကင်ထက်က သက်တန့် တစ်စင်းနဲ့တူတယ် ---

နေရောင်ခြည် နဲ့ မိုးဖွားလေးတွေဆုံတဲ့အချိန် လှလှပပထွက်ပေါ်ပေမယ့် နေ၀င်သွားချိန်ဆိုရင် ပျောက်ကွယ်သွားတတ်ကြသလို

--- သံယောဇဉ် နဲ့ မြတ်နိုးတွယ်တာမှု တွေ ပေါင်းစုံချိန် အချစ်ဖြစ်ပေါ်လာပေမယ့် အထင်လွဲခြင်းတွေနဲ့ မညီမျှခြင်းတွေဖြစ်ပေါ်လာတဲ့အခါ ပျောက်ကွယ်သွားတတ်ကြတယ် ။

@ အလွမ်းဆိုတာ တိတ်တိတ် သတ်နေတဲ့ ကင်ဆာ ရောဂါတစ်ခုနဲ့တူတယ် - - -

တမြေ့မြေ့ ဆွေးရီနေပေမယ့် ပျောက်ကင်းအောင်လည်းမကုနိုင်ဘူး ဒီလိုနဲ့တဖြည်းဖြည်း ခံစားချက်တွေ သေသေ လာတယ် ။

@ သံယောဇဉ်ဆိုတာ တရစ်ရစ် တိုးလာတဲ့ နွယ် ပင် နဲ့တူတယ် -----

စတင်ရစ်ပတ်ချိန်က ဘာမှ သိပ်ထူးခြားသလိုမဖြစ်ပေမယ့် ရစ်ပတ်တာတွေ များလာတဲ့အခါ ရုန်းမထွက်နိုင်တော့လောက်အောင် သံယောဇဉ်နွယ်ကြိုးဟာ ခိုင်ခန့်သွားလေ့ရှိတယ် ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့