သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Thursday, May 31, 2012

သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို



ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်း ပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲ နဲ့ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၃၀ ရက်နေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာမှာ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်း က ဒီကနေ့ လူငယ်သတင်းထောက် အများအပြားဟာ မြန်မာ့နိုင်ငံရေး သမိုင်းနောက်ခံကို သေသေချာချာ မသိကြဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ အယ်ဒီတာ စာရေးဆရာ မျိုးမြင့်ငြိမ်းက

ဒီကနေ့ မြန်မာစာနယ်ဇင်းလောကကို အစိုးရ အသိုင်းအဝန်းနဲ့ နီးစပ်သူ စီးပွားရေးသမားတွေက ဝင်ရောက် ချယ်လှယ်ဖို့ ကြိုးစားနေကြကြောင်း၊ ငွေမဲခဝါချမှုတွေ ရှိနေကြောင်း၊ ထုတ်ဝေသူနဲ့ အယ်ဒီတာ အဖြစ်လုပ်ကိုင်နေသူ တချို့ဟာလည်း နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာ အသိအမြင်တွေ နည်းပါးလွန်းကြောင်းနဲ့ မြန်မာနိုင်ငံ သတင်းလောကရဲ့ အနာဂတ် အတွက် တွေးတောစရာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီအခမ်းအနားကို သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အပြင် စာရေးဆရာ ဖျာပုံတင့်ဆွေ (အငြိမ်းစားဗိုလ်မှုးချုပ် တင့်ဆွေ) နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ စသူတို့လည်း လာရောက်ပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Myanmar Independent သတင်းဂျာနယ် ကို အယ်ဒီတာချုပ် ဦးဝင်းငြိမ်း ၊ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်း နဲ့ အမှုဆောင်အယ်ဒီတာ မသီတာ (စမ်းချောင်း ) တို့ ဦးဆောင်ပြီး မေလဆန်းမှာ စတင်ထုတ်ဝေခဲ့ပါတယ်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့