သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Wednesday, May 30, 2012

အမှတ်တရလည်း ရှိနေဆဲပါ

“တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါ ဘုရား …
စ တွေ့သည်မှ ၊ပစ္စက္ခထိ
သူပါပဲကွယ် ၊ဘယ်မှာရှိရှိ
သတိရတယ် ၊ တမ်းတတတ်ပြန်
အဖန်ဖန် အထပ်ထပ်
တရံမလပ်အောင်
အမှတ်တရလည်း ရှိနေဆဲပါ ဘုရား …
သူနဲ့ပတ်သက်လျှင်
သံယောဇဉ်တရား ၊ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရ

လွမ်းရ ၊တသသနှင့်
နောင်တဟူသည် မရှိခဲ့ပါဘုရား
မေတ္တာ၏ အင်အား၊ သစ္စာ ၏ အင်အား၊
ဤစကားများကြောင့်
ဘုရား တပည့်တော်အား
နားအလည်ဆုံးလူ၊ သူ..သူ သူသည်
အပူသောက ၊မြူမျှမတွေ့
အားလုံးကို မေ့နိုင်၍
ချမ်းမြေ့ကြည်နူးနိုင်ပါစေ ဘုရား …”

No comments:

Post a Comment

ရေးချင်ရာသာရေးတော့