လက်ပံတောင်းတောင် ကြေးနီစွန့်ပစ် ပစ္စည်းမပုံရေး ရွာသားများ ဆန္ဒပြ
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင်
ကြေးနီသတ္တုတူးဖေါ်ရေး စီမံကိန်းလုပ်ငန်းခွင်က ထွက်တဲ့ 
စွန့် ပစ်မြေစာတွေကို အနီးတ၀ိုက်က လယ်မြေတွေပေါ်မှာ စုပုံတဲ့ အတွက် စိုက်ပျိုးမြေတွေ ပျက်စီးရတာကို ဒေသခံရွာတွေက မနေ့ ကစပြီး
နေ့ ရောညပါ အဲဒီ စီမံကိန်းဆိုက်ထဲ မှာ ကန့်ကွက် ဆန္ဒပြကြတယ်လို့ 
သိရပါတယ်။
ဝက်မှေး ၊ ကန်တော ၊ ဆည်ထဲ ၊ ဇီးတော ၊ အောင်ချမ်းစည် ၊ ကျော်ရွာ ၊
ဖေါင်းကား ၊ ရွှေလှေ ၊ ကျွန်တောချောင်း စတဲ့  အနီးတ၀ိုက် က ရွာတွေက ဒေသခံ
အင်အား ၇၀၀
ကျော် ပါဝင် ဆန္ဒပြကြတာဖြစ်ပြီး အချက် ၄ ချက်တောင်း ဆိုတဲ့ 
အကြောင်း ဒေသခံ ဦးအောင်ဇော်ဦးက ပြောပါတယ်။
"လယ်ယာမြေထဲ
စွန့်ပစ်ပစ္စည်း မပုံရေး၊ အဆောက်အဦး မဆောက်ရေး၊ ချိတ်ပိတ်ထားတဲ့
ဘုန်းတော်ကြီးကျောင်း ပြန်လည်ဖွင့်လှစ်ရေး၊ မူလတန်းကျောင်းကိုလည်း
ပြန်လည်ဖွင့်လှစ်ပေးရေးတို့ကို တောင်းဆိုထားပါတယ်။"
အဲဒီတောင်းဆိုချက်တွေအပေါ် ပြန်လည်တုန့် ပြန် အဖြေပေးဖို့  အချိန် ၅
ရက်ပေးဖို့  ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စန်း က ပြောခဲ့တယ်လို့ 
ဆိုပါတယ်။ ဒေသခံတွေဘက်လည်း ပထမအချက်ဖြစ်တဲ့  မိမိတို့ 
လယ်မြေတွေပေါ်မှာ စွန့်ပြစ်မြေတွေ မပုံရေးကို အရင်လိုက်လျောပါက အချိန်စောင့်ဆိုင်းပေးမယ်လို့  တုန့် ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဆန္ဒပြနေကြတာကို တရုတ်လူမျိုး ကုမ္ပဏီ ၀န်ထမ်း က ဒေသခံ
ရွာသားတွေကို အကြမ်းဖက်သလို ရိုင်းပြတဲ့  အပြုအမူတွေနဲ့ လည်း
စော်ကားတယ်လို့  ပြောပါတယ်။
"မြေပုံတာကို သွားပြီးတော့ တားတဲ့အခါကျတော့ ကျနော်တို့ပေါ်ကို
ကျောက်ခဲတွေ လှိမ့်ချပါတယ်။ လုပ်ကြံတာပါဘဲ။ ကျနော်တို့
ရှောင်လိုက်လို့။ ဒါက လူတောင်သေနိုင်ပါတယ်။ နောက်ပြီး တရုတ်တွေက အပေါ်ကနေပြီးတော့ မိန်းကလေးတွေကို မဖွယ်မရာတွေ လုပ်ပြပါတယ်။"
မိမိတို့ ရဲ့ တောင်းဆိုချက်တွေကို အာဏာပိုင်တွေက မလိုက်လျော မချင်း နေ့ ရောညပါ ဆန္ဒပြသွားမယ်လို့  ဒေသခံရွာသားတွေက ပြောကြ ပါတယ်။
Popular Posts
-
ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက်...
-
အို...ချစ်ရပါသော.....ကောင်မလေး ကောင်းကင်ပေါ်မှာ လင်းလက်စွာ တောက်ပနေတဲ့ ကြယ်လေးတွေဟာ အာကာတစ်ခွင်ကို သာယာခြင်းတေ...
-
ယောက်ကျားလေးတစ်ယောက်က အချစ်စစ်တစ်ခုကိုရဖို့ ... ကြိမ်ဖန်များစွာ ''အသည်း '' ကွဲပေးခဲ့ရတယ်.... မိန်းကလေးတစ်ယောက်က အချစ...
-
၁၅၀၀ မည်သော အချစ် ချစ်ရသူ ရေ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်... ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ တို့နှ စ်ယောက်လက်တွေ မြဲခဲ့တယ်.... နှစ...
-
၁ ။ http://www.freebookspot.in/ အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် … ...
-
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်မှာ မဟာချိုင်က ကိုယ့်လူမျိုးတွေကို အားပေးစကားပြော ဆုံးမခဲ့တာ၊ ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ်နဲ့ ...
-
ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက် တကယ်လို့ … ဆိုပြီးတောင် ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး … ချစ်သူ တကယ် ချစ် မချစ် အချစ်က စစ် မစစ် ...
-
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမ...
-
~~~~~~~ ကိုယ်သာနာစေ ... စိတ်မနာစေနဲ့ .... ~~~~~~~~ ကောင်းတဲ့ ဝေဒနာကိုပဲ ခံစား ... ခံစား ........ ဆိုးတဲ့ ဝေဒနာကိုပဲ ခံစား ..... ခံစား ...
-
၂၉-၅-၂၀၁၂နှစ် ည၁၀ နာရီအချိန်တွင်မြန်မာန်မာနယ်စပ် နစ်မြစ်အနောက်ဖက်ဘင်္ဂလာဒေ့ခ်ျနို င် ငံ မြစ်နားရွာ။ခြံချောင်းအနီး ၀ါးခွတ်ချောင်းအင်တော်လီေ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
ရေးချင်ရာသာရေးတော့