တနင်္ဂနွေဂြိုဟ်ဟုခေါ်သော နေမင်းနှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်မှု သည် တစ်နှစ်လျင်နှစ်ကြိမ်ဖြစ်ပေါ် လေ့ရှိသော်လည်း ယခုကဲ့သို့ ယင်းဂြိုဟ်နှစ်လုံး ထပ်တူပူးယှဉ်မှုမှာမူ နှစ်ပေါင်း ၂၀၀ လျှင် နှစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည်။ ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်မတိုင်ခင်က နှစ်ပေါင်း နှစ်ရာ အတွင်း ပထမအကြိမ်အဖြစ် ၂၀၀၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည့်ဖြစ်စဉ်မှာ ဒုတိယအကြိမ်ဖြစ် ကြောင်း သိရသည်။ ယခုဖြစ်ပေါ် မည့်ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်သည် မြန်မာစံတော်ချိန် နံနက် ၅ နာရီ ၃၉ မိနစ်တွင် အနောက်လောင်ဂျီတွဒ် ၁၆၆ ဒီဂရီ ၂၀ မိနစ်နှင့် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၃၉ မိနစ်အတွင်း အမေရိကန်နိုင်ငံ ဟာဝိုင်ရီကျွန်းအနီး ဖြစ်ပေါ်မည်ဖြစ်ပြီး နက္ခတ်သိပ္ပံပညာရှင်များ၏ သုတေသနပြုလုပ်ထားချက်များ အရ တနင်္ဂနွေဂြိုဟ်နှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်ပါက အကျိုးသက်ရောက်မှုအနေဖြင့် ငလျင်ဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။
သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ အပါအ၀င် အမေရိကန်၊ ဟာဝိုင်ရီ၊ အလက်ဇက္ကား၊ သြစတြေးလျ၊ ပစိဖိတ်ဒေသ၊ အရှေ့အာရှ၊ မြောက်အမေရိကနှင့် ဥရောပဒေသများမှ သာမန်မျက်စိနှင့်ပင် လေ့လာမြင်တွေ့နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ မြန်မာစံတော် ချိန်နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီ အတွင်း လေ့လာခွင့်ရနိုင်ကာ ဖလင်ကော်ပြား၊ ဓာတ်မှန်ပြားနှင့် နေကာမျက်မှန်တို့ဖြင့်သာ ကြည့်ရှုသင့်ကြောင်း သိရသည်။ ''ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က တနင်္ဂနွေဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ ပူးယှဉ်တဲ့ ဖြစ်စဉ်အပြီး ဇွန် ၁၅ ရက်နေ့မှာ ချီလီနိုင်ငံမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ အခုဖြစ်ပေါ်မယ့် ဖြစ်စဉ်မှာ မက္ကဆီကို၊ ရုရှားအရှေ့ပိုင်း၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံတချို့မှာ
No comments:
Post a Comment
ရေးချင်ရာသာရေးတော့