သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Friday, June 1, 2012

ကျောင်းသားအလုပ်အမှုဆောင်(၁၉)ဦး

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို
ကျောင်းသားအလုပ်အမှုဆောင်(၁၉)ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း လိုက်ကြောင်းသိရပါတယ်။

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ အခုလိုဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး
ရန်ကုန်မြို့က HOME မီဒီယာစန်တာမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
ခဲ့ကြောင်း အခုဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှာ

ကိုဒီငြိမ်းလင်း က ဥက္ကဋ္ဌ ၊ ကိုစည်သူမောင် ဒုဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူး
အဖြစ် တို့ကဆောင်ရွက်သွားမှာဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှာ ဖွဲ့စည်းထားတဲ့ကျောင်းသားသမဂ္ဂတွေနဲ့ ချိတ်ဆက်ဆောင်ရွက်
သွားမယ်လို့ ပြောပါတယ်။

သင့်တော်တဲ့ မကြာခင်ကာလမှာ ကျောင်းသားညီလာခံတရပ်
ခေါ်ယူကျင်းပဖို့ရှိပြီးကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်ဆောက်
လုပ်ခွင့်ရရေးအတွက် သမ္မတထံတောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့