သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Friday, June 1, 2012

အမှုမှ မသင်္ကာသူ၏ ခဲပန်းချီပုစံ


လမ်းမတော်မြို့ နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားမှုနှင့် ပတ်သက်၍ မသင်္ကာသူတစ်ဦးကို စစ်ဆေးနေကြောင်းသိရ။

ယင်းကဲ့သို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူနှင့် ပတ်သက်၍ မျက်မြင်သက်သေ သုံးဦးကို စစ်ဆေးရာ၌ သိရှိခဲ့ရမှုများကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးသက်လွင်က "အဲဒီ တိုက်ခန်းက တိုက်ခန်းနေထိုင်သူတွေဆီမှာပဲ အတက်အဆင်း တံခါးသော့ရှိတယ်။ ကျူးလွန်တဲ့သူက အခန်းတစ်ခန်းရဲ့ နေထိုင်သူက တံခါးဖွင့်ပြီးတက်တဲ့အချိန်မှာ သူကလိုက် တက်သွားတယ်။

ပြီးတော့ ပြန်ဆင်းတဲ့အခါမှာ တံခါးကပိတ်ထားတော့

သူက တစ်ခန်းစီတံခါးခေါက်ပြီး သော့ဖွင့်ပေးဖို့အကူအညီတောင်းတဲ့ အခါမှာ တိုက်ခန်းတစ်ခန်းက အိမ်အကူ အမျိုး သမီးတစ်ဦးက သူရဲ့တိုက်ခန်းပိုင်ရှင်ကို ခေါ်လိုက်တယ်။ အဲဒီအမျိုးသားက ဘာဖြစ်လို့ ဒီအထဲရောက်နေတာလဲမေးတော့ ကျွန်တော် အိမ်ပြောင်းလာတဲ့ အသိအိမ်ကို လိုက်ရှာ နေတာပါလို့ပြောသွားတယ်။ ပြီးတော့ သူက ညာဘက်ချိုးပြီး အနော်ရထာလမ်းကနေ ဘယ်ဘက်က ၀ါးတန်းလမ်းကို ဖြတ်လျှောက်သွားပါတယ်။ အဲဒီကျူးလွန်တယ်လို့ သံသယအဖြစ်ဆုံးလူက အဲဒီနေ့က ဘေးလွယ်အိတ် အမဲရောင်လွယ်ထားတယ်။ ဦးထုပ်အဖြူအ၀ိုင်းပျော့ကို ဆောင်းထားတယ်။ ရှပ်အကျီလက်တို ၀တ်ထားတယ်။ ပြီးတော့ ရွှေပုဇွန် မုန့်အိတ်ကိုကိုင်ထားတယ်။

အဲ့ဒီ မသင်္ကာတဲ့သူ ထွက်သွားပြီး ၁၀ မိနစ်လောက်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲက ချိန်ကိုက်ပြီး ဆောင်ရွက်ခဲ့လည်း ဆိုတာကို အခုအချိန်အထိ စစ်ဆေးနေဆဲပါပဲ။" ဟုပြောပြခဲ့သည်။ ဆက်လက်၍ အဆိုပါ အမှုမှ မသင်္ကာသူ၏ ပုံသဏ္ဍာန် အချက်အလက်အချို့ ရရှိထားခြင်းနှင့် ပတ်သက်၍ "ရွှေပုဇွန်မုန့်ဆိုင်တွေရဲ့ CCTV ကင်မရာတွေကို စစ်တော့ လမ်းမတော် ၉ လမ်းနားက ရွှေပုဇွန် မုန့်ဆိုင်ရဲ့ CCTV ကင်မရာမှာ အဲဒီလိုပုံစံတူ အမျိုးသားတစ်ဦးရဲ့ မှတ်တမ်းကို မေ လ ၃၁ရက်နေ့ ညပိုင်းက ရရှိခဲ့ပါ တယ်။ ပြစ်မှုကျူးလွန်တယ်လို့ မသင်္ကာတဲ့သူကို ဇွန်လ ၁ရက်နေ့က ခေါ်ယူပြီးတော့ စစ်ဆေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက သူနေတဲ့ နေအိမ်ကနေ ခေါ်ယူပြီးစစ်ဆေးနေတာပါ" ဟုပြန်လည်ပြောပြခဲ့သည်။

အမှုမှ မသင်္ကာသူ၏ ခဲပန်းချီပုစံကို တွေ့ရစဉ် (Eleven)

No comments:

Post a Comment

ရေးချင်ရာသာရေးတော့